Tuesday, December 29, 2009

Ecology (ဂေဟဗေဒ) ဆိုတာဘာလဲ?

Ecology (ဂေဟဗေဒ) ဆိုတာဘာလဲ?


Ecology ဆိုသည့် စကားလုံးမှာ ဂရိဘာသာစကား (Oitos)(Household) မှဆင်းသက်လာသည်။ Ecology ဆိုသည်မှာ အပင်နှင့် တိရိစ္ဆာန်တို့၏ ဆက်သွယ်မှု/အကျိုးပြုနေမှု ဂေဟစနစ် (Ecosystem) နှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဇီဝဆိုင်ရာ ၀န်းကျင်ကို လေ့လာမှုဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ၀န်းကျင်တွင် အလင်း၊ အပူ၊ သို့မဟုတ် နေရောင်၊ ရေခိုးရေငွေ့၊ လေ၊ အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မြေဆီလွှာ အဟာရ၊ ရေ နှင့် လေထုတို့ပါဝင်သည်။ ဇီဝ ဆိုင်ရာဝန်းကျင်တွင် အပင်နှင့် တိရိစ္ဆာန် နှင့် သက်ရှိအားလုံးတို့ပါဝင်သည်။

ဂျာမန် ဇီဝပညာရှင် Ernst Haeckel ဆိုသူက ၁၈၆၆ ခုနှစ်တွင် ထုတ်ဝေသော ၎င်း၏စာအုပ် Generelle Morpologie Der Organismen တွင် ဂေဟဗေဒ ဆိုသည့် သက်ရှိများနှင့် ၎င်းတို့၏ ပတ်ဝန်းကျင်ကြား အပြန် အလှန်ဆက်စပ်နေမှု/အကျိုးပြုနေမှု ဂေဟစနစ် (EcoSystem) ကို စတင်မိတ်ဆက်ပေးခဲ့သည်။ ခေတ်သစ် ဂေဟဗေဒ သည် Charles Darwin (ချား(စ်)ဒါဝင်) ၏ ဆင့်ကဲဖြစ်စဉ် (evolution) မှစတင်ခဲ့သည်။ ယင်းသီအိုရီတွင် သက်ရှိများနှင့် ၎င်းတို့၏ပတ်ဝန်းကျင်ကြား ဂေဟစနစ် (Ecosystem) တွင် လိုက်လျောညီထွေရှိအောင် ပြောင်းလဲကြပြီး ထိုပတ်ဝန်းကျင်တွင် အပြန်အလှန်အမှီသဟဲပြု၍ အတူတကွ အသက်ရှင်နေထိုင် သည်ဟု ဆိုသည်။

Ref: encarta 2009 & http://en.wikipedia.org/wiki/Ecology

မိုးတိမ်၊ ဘိုကလေးသား

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More