Monday, December 28, 2009

နောက်ဆုံးလက်ကျန်ဟု သိထားသော အင်ဒိုချိုင်းနားကျားကို သတ်စားမိသည့် တရုတ်နိုင်ငံသား ထောင်ဒါဏ် ၁၂နှစ် ပြစ်ဒါဏ်ချမှတ်ခံရ

နောက်ဆုံးလက်ကျန်ဟု သိထားသော အင်ဒိုချိုင်းနားကျားကို သတ်စားမိသည့် တရုတ်နိုင်ငံသား ထောင်ဒါဏ် ၁၂နှစ် ပြစ်ဒါဏ်ချမှတ်ခံရ


တရုတ်နိုင်ငံတွင် နောက်ဆုံးကျန်ရှိခဲ့သည်ဟု သိထားကြသော အင်ဒိုချိုင်းနားကျားတစ်ကောင်ကို သတ်စားမိသည့် တရုတ်နိုင်ငံသား တစ်ဦးကို ထောင်ဒါဏ် ၁၂ နှစ် ပြစ်ဒါဏ်ချမှတ်လိုက်ကြောင်း ဒီဇင်ဘာ၊ ၂၂ ရက်နေ့၌ ယူနန်အခြေစိုက် သတင်းစာတစ်စောင်က ယခုလအစောပိုင်းတွင် ဖော်ပြခဲ့သည်။

ယူနန်ပြည်နယ် မန်(ဂ)လာ (Mengla) ရွှာသား ကန်နမ်ဝမ်း (Kang Wannian) သည် တရုတ် နှင့် လာအို နယ်စပ် အနီးရှိ ဘေးမဲ့တောတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက တွေ့ရှိကာ ကျားကိုသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းက ကျားနှင့်တွေ့စဉ် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း တရားရုံးတွင် အခိုင်အမာထွက်ဆို ခဲ့သည်။

ယူနန်ပြည်နယ်တရားရုံးက ကန်အား ရှားပါးတိရိစ္ဆာန်တစ်ကောင်ကို သတ်မိခြင်းအတွက် ထောင်ဒါဏ် ၁၀ နှစ် နှင့် တရားမ၀င်မီးသေနတ်များ လက်ဝယ်ထားရှိခြင်းအတွက် စုစုပေါင်း ထောင်ဒါဏ် ၁၂ နှစ် ပြစ်ဒါဏ် ချမှတ် ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းအား ပေါင် ၅၆,၀၀၀ ကိုလည်း ဒါဏ်ငွေရိုက်ခဲ့သည်။

ကျားကိုသတ်ရာတွင် ပါဝင်ခဲ့ကြသော အခြားရွှာသား လေးယောက်ကိုလည်း ၃နှစ် မှ ၄နှစ် အထိ ပြစ်ဒါဏ် အသီးသီး ချမှတ်ခဲ့သည်။ ကန် နှင့် ရွှာသားလေးယောက်သည် ကျားကိုသတ်ပြီး အသားကိုလည်းစားသောက် ခဲ့ကြသည်ဟု သတင်းစာက ဆက်လက်ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် တစ်ကောင်တည်း ကျန်ရစ်သည်ဟု သိထားသော သတ်စားခံလိုက်ရသည့် အင်ဒိုချိုင်းနား ကျားရိုင်းမှာ ၂၀၀၇ က ယင်းလာအိုနယ်စပ်အနီးရှိ သဘာဝဘေးမဲ့တောတွင် ဓါတ်ပုံမှတ်တမ်း တင်နိုင်ခဲ့သည်။ အင်ဒိုချိုင်းနားကျားအမျိုးအစားသည် မျိုးသုန်းလုနီး အခြေအနေဆိုက်ရောက်နေသော ကျားမျိုးဖြစ်ပြီး လက်ရှိ တွင် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နှင့် မြန်မာနိုင်ငံတို့ရှိ တောရိုင်းများတွင် ကောင်ရေ ၁၀၀၀ အောက် သာ ကျန်ရှိနေတော့ကြောင်း ယင်းသတင်းစာဖော်ပြချက်အရ သိရသည်။

Ref: Mail Online
http://www.dailymail.co.uk
The last known wild tiger in China Killed and Eaten by villagers

ဘာသာပြန်-မိုးတိမ်

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More