Tuesday, December 29, 2009

ကမ္ဘာကြီးပူနွေးလာခြင်းဆိုတာဘာလဲ?

What is Global Warming?

ကမ္ဘာကြီးပူနွေးလာခြင်းဆိုတာဘာလဲ?

ကမ္ဘာကြီးပူနွေးလာခြင်းဆိုသည်မှာ ကမ္ဘာ့လေထု၊ ရေထု၊ ကုန်မြေ တို့၏ ပျမ်းမျှ အပူချိန်မြင့်တက်လာ ခြင်းကိုဆိုလိုသည်။ ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာကြီးကို ကမ္ဘာ့လေထုက လွှမ်းခြုံထားသည်။ ထိုလေထုထဲတွင်နိုက်ထရိုဂျင် ၇၈%၊ အောက်ဆီဂျင် ၂၁%၊ အာဂွန် ၀.၀၉%၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ၀.၀၃%၊ ကျန် ၀.၀၁% မှာ ရေခိုးရေငွေ့၊ ဟိုက်ဒရိုဂျင်၊ အိုဇုန်း၊ မီသိန်း၊ ကာဗွန်မိုနော့ဆိုဒ်၊ ဟီလီယံ၊ နီယွန်၊ ခရက်ပတွန် နှင့် ဇီနွန်တို့ဖြစ်သည်။

ထိုဓါတ်ငွေ့များထဲတွင် နေရောင်ခြည်မှလာသော အပူစွမ်းအင်ကို ထိန်းသိမ်းပေးနိုင်သည့် ဓါတ်ငွေ့များ ပါဝင်သည်။ ၎င်းကို ဖန်လုံအိမ်ဓါတ်ငွေ့ (Greenhouse Gas) ဟုခေါ်သည်။ ထိုကဲ့သို့ ဖန်လုံအိမ်ဓါတ်ငွေ့၏ နေရောင်ခြည်မှလာသော အပူကို ထိန်းသိမ်းနိုင်သည့် စွမ်းအင်ကြောင့် နေ့အချိန်တွင် နေရောင်ခြည်မှ လာသည့် ပြင်းထန်သောအပူကို မခံစားရသကဲ့သို့ ညအချိန်တွင်လည်း နွေးထွေးစွာနေထိုင်နိုင်သည့် သက်ရောက်မှုကို ဖြစ်စေသည်။ ထိုသက်ရောက်မှုကို ဖန်လုံအိမ်ဓါတ်ငွေ့သက်ရောက်မှု (Greenhouse Effect) ဟုခေါ်သည်။ ထိုဓါတ်ငွေ့များသည် ကျွန်ုပ်တို့ ကောင်းစွားနေထိုင်နိုင်ရန်အတွက် အထောက်အကူ ပြုသော ဓါတ်ငွေ့များဖြစ်သည်။

သို့သော် ယင်းဓါတ်ငွေ့များသည် လူတို့၏ ပယောဂကြောင့် လေထုထဲတွင် ရှိသင့်သည့် ပမာဏထက် ပိုမို များပြားလာပြီး နေရောက်ခြည်မှလာသော အပူစွမ်းအင်ကို ပိုမိုစုပ်ယူထားသည့် အတွက်ကြောင့် ကမ္ဘာ့လေထု ထဲတွင် အပူစွမ်းအင်များ ပိတ်မိနေပြီး ကမ္ဘာ့ပျမ်းမျှအပူချိန်မြင့်တက်လာခြင်းဖြစ်သည်။

လေထု၏ပျမ်းမျှအပူချိန် မြင့်တက်လာသည့်အလျှောက် လေထုနှင့်ထိစပ်နေသော ပင်လယ်၊ သမုဒ္ဒရာ၊ နှင့် ကုန်းမြေအပူချိန်များပါ ပိုမိုမြင့်တက်လာသည်။ ထိုသို့ ကမ္ဘာကြီး၏ ပျမ်းမျှအပူချိန်မြင့်တတ်လာခြင်းကို ကမ္ဘာကြီး ပူနွေးလာခြင်း (Global Warming) ဟုခေါ်သည်။

ဘိုကလေးသား

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More