Globalization Vs Environment

World is tiny by globalization process. Environmental degradation is huge by globalization process. Use the technology to conserve our Home.

Development Vs Environment

သဘာဝပတ်ဝန်းကျင်အရည်အသွေးနဲ့ စီးပွားရေးဖွဲ့ဖြိုးမှုကြားမှာ အငြင်းပွားစရာရှိလာခဲ့ရင် ကျုပ်ကတော့ လှပတဲ့ရှုခင်း၊ သန့်စင်တဲ့လေ၊ ကြည်လင်တဲ့ရေကို ရွေးမယ်ဗျာ။ Jimmy Carter

Posterity Vs Environment

ကောင်းမြတ်ခြင်းသီလရှိတဲ့ လူ့အဖွဲ့အစည်းရဲ့ အကြွမ်းမဲ့စမ်းသပ်ချက်က ကလေးသူငယ်တွေအတွက် ဘယ်လိုလောကအသိုက်အမြုံ ချန်ထားပေးခဲ့သလဲဆိုတာပဲ ဖြစ်တယ်။ Dietrich Bonhoeffer

Ethic Vs Environment

အနာဂါတ်ကို ကျုပ်တို့မခန့်မှန်းကြဘူး။ ဒါပေမဲ့ရွေးချယ်စရာတွေ ပိုချန်ပေးထားကြရင် မကောင်းဘူးလားဗျာ။ ဒါမှ ဘယ်လိုစိန်ခေါ်မှုတွေပဲလာလာ ကျုပ်တို့ပိုပြီး အဆင်သင့်ဖြစ်ကြမှာ။ Planet Earth

Conservation Vs Environment

အဆုံးမှတော့ ကျုပ်တို့မြတ်နိုးတာတွေကိုပဲ ကျုပ်တို့ ထိန်းသိမ်းကြမှာ။ ကျုပ်တို့နားလည်တာတွေကိုပဲ မြတ်နိုးကြမှာ။ လေ့လာသင်ကြားပါမှလည်း နားလည်သိမြင်လာကြမှာပါ။ Baba Diorm

Wednesday, December 30, 2009

ဖန်လုံအိမ်ဓါတ်ငွေ့ (Greenhouse Gases) ဆိုတာဘာလဲ?

ဖန်လုံအိမ်ဓါတ်ငွေ့ (Greenhouse Gases) ဆိုတာဘာလဲ?

ဖန်လုံအိမ်ဓါတ်ငွေ့ (Greenhouse Gases) ဆိုသည်မှာ လေထုထဲတွင် သဘာဝအတိုင်း တည်ရှိနေသော ဓါတ်ငွေ့များ ဖြစ်စည်။ ထိုဓါတ်ငွေ့များသည် နေရောင်ခြည်မှလာသော အပူလှိုင်း များကို (စုပ်ယူ/ ထုတ်လွတ်) ပေးနိုင်သည်။ ဖန်လုံအိမ်ဓါတ်ငွေ့ (Greenhouse Gases) တွင်ပါဝင်သော အဓိက ဓါတ်ငွေ့များနှင့် ၎င်းတို့တွင် ပါဝင်သည့် ဖန်လုံအိမ်သက်ရောက်မှု (Greenhouse Effect) ကို ရာခိုင်နှုန်းအလိုက် ဖော်ပြ ရမည်ဆိုလျှင်
  • ရေခိုးရေငွေ့(Water vapor) ၃၆-၇၂%
  • ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbon dioxide) ၉-၂၆%
  • မီသိန်း (Methane) ၄-၉%
  • နိုက်ထရစ်အောက်ဆိုဒ် (Nitrous oxide) အတိအကျဖော်ပြခြင်းမရှိ
  • အိုဇုန်း (Ozone) ၃-၇%
  • ကလိုရို ဖလိုရို ကာဗွန် (CFCs) အတိအကျဖော်ပြခြင်းမရှိ
တို့ဖြစ်သည်။ လူတို့၏လုပ်ဆောင်ချက်ကြောင့် ၁၇၅၀ စက်မှုတော်လှန်ရေးနောက်ပိုင်း မှစ၍ လေထုထဲတွင် ဖန်လုံအိမ် ဓါတ်ငွေ့များ သိသိသာသာ ပိုမိုများပြားလာခဲ့သည်။

ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်ပေါ်စေသော ဓါတ်ငွေ့များ၏ ရာခိုင်နှုန်းအလိုက်ပါဝင်မှု သက်ရောက်မှု

  • ကာဗွန်ဒိုင်အောက်ဆိုဒ် ၄၃.၁%
  • မီသိန်း ၂၆.၇ %
  • ကာဗွန်မဲ (black carbon) ၁၁.၉%
  • ဟေလိုကာဗွန် ၇.၈%
  • ကာဗွန်မိုနော့ဆိုဒ် နှင့် ဗော(လ်)လင်တိုင်း အောဂန်းနစ် ကွန်ပေါင်း (CO & VOCS) ၆.၇%
  • နိုက်ထရစ် အောက်ဆိုဒ် ၃.၈%
တို့အသီးသီးဖြစ်သည်။
Source; Our Choice; Al Gore

Ref; http://en.wikipedia.org/wiki/Greenhouse_gases

ဘိုကလေးသား

Tuesday, December 29, 2009

ဂေဟဗေဒ စနစ် (Ecosystem) ဆိုတာဘာလဲ?

ဂေဟဗေဒ စနစ် (Ecosystem) ဆိုတာဘာလဲ?



ဂေဟဗေဒ စနစ်ဆိုသည်မှာ သက်ရှိများနှင့် ၎င်းတို့၏ပတ်ဝန်းကျင်ကြား အပြန်အလှန် အမှီသဟဲပြု ဆက်စပ်နေ သည့် စနစ်တစ်ခုဖြစ်သည်။ ထိုစနစ်ကိုလေ့လာသောဘာသာရပ်ကို ဂေဟဗေဒ (Ecology) ဟုခေါ်သည်။ အင်တာနက် ၀က်ဆိုဒ် (Wikipedia) တွင်လည်း ဂေဟဗေဒစနစ်ကို ၀န်းကျင်တစ်ခု၏ ဓာတု နှင့် ဇီဝ ဆိုင်ရာ ပါဝင်မှုများကို စုပေါင်းထားခြင်းဖြစ်သည်ဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်။ဂေဟဗေဒစနစ်တွင် နယ်နိမိတ် အကန့်အသတ်မရှိပေ။ ၎င်းသည် သမုဒ္ဒရာကြီးတစ်ခုမျှ ကြီးမားနိုင်ပြီး၊ ရေစက်လေး တစ်စက်လောက်လည်းသေးငယ်နိုင်သည်။ ဥပမာ စမ်းချောင်းလေးတစ်ခုသည် သစ်တော အုပ်လေး အတွင်းဖြတ်သန်းစီးဆင်းသည်ဆိုပါစို့။ ထိုသစ်တောသည် စမ်းချောင်းလေးကို အမှီပြုနေသကဲ့သို ထိုစမ်းချောင်းလေးသည်လည်း ထိုသစ်တောလေးကို အမှီပြုနေထိုင်ခြင်းဖြစ်သည်။ စမ်းချောင်းလေးမရှိလျှင် ထိုသစ်တောလည်းမရှိနိုင်ပေ။ ထိုသစ်တောလေး မရှိလျှင်လည်း စမ်းချောင်းလေး ခန်းခြောက်မည်သာ ဖြစ်သည်။

ကမ္ဘာမြေကြီးတွင် ထိုကဲ့သို့ အပြန်အလှန် အမှီသဟဲပြုမှုများ မရေတွက်နိုင်အောင်ရှိနေသည်။ ထိုဂေဟဗေဒ စနစ်ကြီးထဲမှ တစ်ခုခုချိုးယွင်းသွားပါက အခြားအရာများလည်း လိုက်လံပြောင်းလဲမည်သာဖြစ်သည်။ ကမ္ဘာကြီး ကိုယ်တိုင်လည်း ဂေဟဗေဒစနစ်တွင် ပါဝင်သည်။

မိုးတိမ်၊ ဘိုကလေးသား

Ecology (ဂေဟဗေဒ) ဆိုတာဘာလဲ?

Ecology (ဂေဟဗေဒ) ဆိုတာဘာလဲ?


Ecology ဆိုသည့် စကားလုံးမှာ ဂရိဘာသာစကား (Oitos)(Household) မှဆင်းသက်လာသည်။ Ecology ဆိုသည်မှာ အပင်နှင့် တိရိစ္ဆာန်တို့၏ ဆက်သွယ်မှု/အကျိုးပြုနေမှု ဂေဟစနစ် (Ecosystem) နှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဇီဝဆိုင်ရာ ၀န်းကျင်ကို လေ့လာမှုဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ၀န်းကျင်တွင် အလင်း၊ အပူ၊ သို့မဟုတ် နေရောင်၊ ရေခိုးရေငွေ့၊ လေ၊ အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မြေဆီလွှာ အဟာရ၊ ရေ နှင့် လေထုတို့ပါဝင်သည်။ ဇီဝ ဆိုင်ရာဝန်းကျင်တွင် အပင်နှင့် တိရိစ္ဆာန် နှင့် သက်ရှိအားလုံးတို့ပါဝင်သည်။

ဂျာမန် ဇီဝပညာရှင် Ernst Haeckel ဆိုသူက ၁၈၆၆ ခုနှစ်တွင် ထုတ်ဝေသော ၎င်း၏စာအုပ် Generelle Morpologie Der Organismen တွင် ဂေဟဗေဒ ဆိုသည့် သက်ရှိများနှင့် ၎င်းတို့၏ ပတ်ဝန်းကျင်ကြား အပြန် အလှန်ဆက်စပ်နေမှု/အကျိုးပြုနေမှု ဂေဟစနစ် (EcoSystem) ကို စတင်မိတ်ဆက်ပေးခဲ့သည်။ ခေတ်သစ် ဂေဟဗေဒ သည် Charles Darwin (ချား(စ်)ဒါဝင်) ၏ ဆင့်ကဲဖြစ်စဉ် (evolution) မှစတင်ခဲ့သည်။ ယင်းသီအိုရီတွင် သက်ရှိများနှင့် ၎င်းတို့၏ပတ်ဝန်းကျင်ကြား ဂေဟစနစ် (Ecosystem) တွင် လိုက်လျောညီထွေရှိအောင် ပြောင်းလဲကြပြီး ထိုပတ်ဝန်းကျင်တွင် အပြန်အလှန်အမှီသဟဲပြု၍ အတူတကွ အသက်ရှင်နေထိုင် သည်ဟု ဆိုသည်။

Ref: encarta 2009 & http://en.wikipedia.org/wiki/Ecology

မိုးတိမ်၊ ဘိုကလေးသား

ကမ္ဘာကြီးပူနွေးလာခြင်းဆိုတာဘာလဲ?

What is Global Warming?
ကမ္ဘာကြီးပူနွေးလာခြင်းဆိုတာဘာလဲ?

ကမ္ဘာကြီးပူနွေးလာခြင်းဆိုသည်မှာ ကမ္ဘာ့လေထု၊ ရေထု၊ ကုန်မြေ တို့၏ ပျမ်းမျှ အပူချိန်မြင့်တက်လာ ခြင်းကိုဆိုလိုသည်။ ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာကြီးကို ကမ္ဘာ့လေထုက လွှမ်းခြုံထားသည်။ ထိုလေထုထဲတွင်နိုက်ထရိုဂျင် ၇၈%၊ အောက်ဆီဂျင် ၂၁%၊ အာဂွန် ၀.၀၉%၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ၀.၀၃%၊ ကျန် ၀.၀၁% မှာ ရေခိုးရေငွေ့၊ ဟိုက်ဒရိုဂျင်၊ အိုဇုန်း၊ မီသိန်း၊ ကာဗွန်မိုနော့ဆိုဒ်၊ ဟီလီယံ၊ နီယွန်၊ ခရက်ပတွန် နှင့် ဇီနွန်တို့ဖြစ်သည်။

ထိုဓါတ်ငွေ့များထဲတွင် နေရောင်ခြည်မှလာသော အပူစွမ်းအင်ကို ထိန်းသိမ်းပေးနိုင်သည့် ဓါတ်ငွေ့များ ပါဝင်သည်။ ၎င်းကို ဖန်လုံအိမ်ဓါတ်ငွေ့ (Greenhouse Gas) ဟုခေါ်သည်။ ထိုကဲ့သို့ ဖန်လုံအိမ်ဓါတ်ငွေ့၏ နေရောင်ခြည်မှလာသော အပူကို ထိန်းသိမ်းနိုင်သည့် စွမ်းအင်ကြောင့် နေ့အချိန်တွင် နေရောင်ခြည်မှ လာသည့် ပြင်းထန်သောအပူကို မခံစားရသကဲ့သို့ ညအချိန်တွင်လည်း နွေးထွေးစွာနေထိုင်နိုင်သည့် သက်ရောက်မှုကို ဖြစ်စေသည်။ ထိုသက်ရောက်မှုကို ဖန်လုံအိမ်ဓါတ်ငွေ့သက်ရောက်မှု (Greenhouse Effect) ဟုခေါ်သည်။ ထိုဓါတ်ငွေ့များသည် ကျွန်ုပ်တို့ ကောင်းစွားနေထိုင်နိုင်ရန်အတွက် အထောက်အကူ ပြုသော ဓါတ်ငွေ့များဖြစ်သည်။

သို့သော် ယင်းဓါတ်ငွေ့များသည် လူတို့၏ ပယောဂကြောင့် လေထုထဲတွင် ရှိသင့်သည့် ပမာဏထက် ပိုမို များပြားလာပြီး နေရောက်ခြည်မှလာသော အပူစွမ်းအင်ကို ပိုမိုစုပ်ယူထားသည့် အတွက်ကြောင့် ကမ္ဘာ့လေထု ထဲတွင် အပူစွမ်းအင်များ ပိတ်မိနေပြီး ကမ္ဘာ့ပျမ်းမျှအပူချိန်မြင့်တက်လာခြင်းဖြစ်သည်။

လေထု၏ပျမ်းမျှအပူချိန် မြင့်တက်လာသည့်အလျှောက် လေထုနှင့်ထိစပ်နေသော ပင်လယ်၊ သမုဒ္ဒရာ၊ နှင့် ကုန်းမြေအပူချိန်များပါ ပိုမိုမြင့်တက်လာသည်။ ထိုသို့ ကမ္ဘာကြီး၏ ပျမ်းမျှအပူချိန်မြင့်တတ်လာခြင်းကို ကမ္ဘာကြီး ပူနွေးလာခြင်း (Global Warming) ဟုခေါ်သည်။

ဘိုကလေးသား

Monday, December 28, 2009

နောက်ဆုံးလက်ကျန်ဟု သိထားသော အင်ဒိုချိုင်းနားကျားကို သတ်စားမိသည့် တရုတ်နိုင်ငံသား ထောင်ဒါဏ် ၁၂နှစ် ပြစ်ဒါဏ်ချမှတ်ခံရ

နောက်ဆုံးလက်ကျန်ဟု သိထားသော အင်ဒိုချိုင်းနားကျားကို သတ်စားမိသည့် တရုတ်နိုင်ငံသား ထောင်ဒါဏ် ၁၂နှစ် ပြစ်ဒါဏ်ချမှတ်ခံရ


တရုတ်နိုင်ငံတွင် နောက်ဆုံးကျန်ရှိခဲ့သည်ဟု သိထားကြသော အင်ဒိုချိုင်းနားကျားတစ်ကောင်ကို သတ်စားမိသည့် တရုတ်နိုင်ငံသား တစ်ဦးကို ထောင်ဒါဏ် ၁၂ နှစ် ပြစ်ဒါဏ်ချမှတ်လိုက်ကြောင်း ဒီဇင်ဘာ၊ ၂၂ ရက်နေ့၌ ယူနန်အခြေစိုက် သတင်းစာတစ်စောင်က ယခုလအစောပိုင်းတွင် ဖော်ပြခဲ့သည်။

ယူနန်ပြည်နယ် မန်(ဂ)လာ (Mengla) ရွှာသား ကန်နမ်ဝမ်း (Kang Wannian) သည် တရုတ် နှင့် လာအို နယ်စပ် အနီးရှိ ဘေးမဲ့တောတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက တွေ့ရှိကာ ကျားကိုသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းက ကျားနှင့်တွေ့စဉ် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း တရားရုံးတွင် အခိုင်အမာထွက်ဆို ခဲ့သည်။

ယူနန်ပြည်နယ်တရားရုံးက ကန်အား ရှားပါးတိရိစ္ဆာန်တစ်ကောင်ကို သတ်မိခြင်းအတွက် ထောင်ဒါဏ် ၁၀ နှစ် နှင့် တရားမ၀င်မီးသေနတ်များ လက်ဝယ်ထားရှိခြင်းအတွက် စုစုပေါင်း ထောင်ဒါဏ် ၁၂ နှစ် ပြစ်ဒါဏ် ချမှတ် ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းအား ပေါင် ၅၆,၀၀၀ ကိုလည်း ဒါဏ်ငွေရိုက်ခဲ့သည်။

ကျားကိုသတ်ရာတွင် ပါဝင်ခဲ့ကြသော အခြားရွှာသား လေးယောက်ကိုလည်း ၃နှစ် မှ ၄နှစ် အထိ ပြစ်ဒါဏ် အသီးသီး ချမှတ်ခဲ့သည်။ ကန် နှင့် ရွှာသားလေးယောက်သည် ကျားကိုသတ်ပြီး အသားကိုလည်းစားသောက် ခဲ့ကြသည်ဟု သတင်းစာက ဆက်လက်ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် တစ်ကောင်တည်း ကျန်ရစ်သည်ဟု သိထားသော သတ်စားခံလိုက်ရသည့် အင်ဒိုချိုင်းနား ကျားရိုင်းမှာ ၂၀၀၇ က ယင်းလာအိုနယ်စပ်အနီးရှိ သဘာဝဘေးမဲ့တောတွင် ဓါတ်ပုံမှတ်တမ်း တင်နိုင်ခဲ့သည်။ အင်ဒိုချိုင်းနားကျားအမျိုးအစားသည် မျိုးသုန်းလုနီး အခြေအနေဆိုက်ရောက်နေသော ကျားမျိုးဖြစ်ပြီး လက်ရှိ တွင် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နှင့် မြန်မာနိုင်ငံတို့ရှိ တောရိုင်းများတွင် ကောင်ရေ ၁၀၀၀ အောက် သာ ကျန်ရှိနေတော့ကြောင်း ယင်းသတင်းစာဖော်ပြချက်အရ သိရသည်။

Ref: Mail Online
http://www.dailymail.co.uk
The last known wild tiger in China Killed and Eaten by villagers

ဘာသာပြန်-မိုးတိမ်

ပတ်ဝန်းကျင်သုံးမျိုး

Three Types of Environment
ပတ်ဝန်းကျင်သုံးမျိုး

ပတ်ဝန်းကျင်ဆိုသော ဝေါဟာရသည် အလွန်ကျယ်ပြန့်သော ဝေါဟာရဖြစ်သည်။ ပတ်ဝန်းကျင်ကို အုပ်စု သုံးစု ပိုင်းခြားနိုင်သည်။ ၎င်းတို့မှာ

  1. သဘာဝပတ်ဝန်းကျင် Natural Environment
  2. ဖန်တီးတည်ဆောက်ထားသော ပတ်ဝန်းကျင် Built Environment
  3. ယဉ်ကျေးမှု ပတ်ဝန်းကျင်/လူမှု့ပတ်ဝန်းကျင် Cultural Environment
ပထမအုပ်စုဖြစ်တဲ့သဘာဝပတ်ဝန်းကျင်ကတော့ လူတိုင်းသိတဲ့ တော၊ တောင်၊ ရေ၊ မြေ၊ သစ်ပင်၊ သက်ရှိအားလုံး ပါဝင်ပါတယ်။


ဒုတိယအုပ်စုဖြစ်တဲ့ ဖန်တီးတည်ဆောက်ထားသော ပတ်ဝန်ကျင် ကတော့ စားပွဲခုံ၊ ထိုင်ခုံ၊ တီဗွီ၊ ကွန်ပြူတာ၊ အိမ်၊ ကား စတာတွေပါဝင်ပါတယ်။

တတိယအုပ်စုဖြစ်တဲ့ ယဉ်ကျေးမှု့ပတ်ဝန်းကျင်/လူမှု့ပတ်ဝန်းကျင် မှာတော့ ကျွန်တော်တို့ပြောတဲ့ ဘာသာစကား၊ ကိုးကွယ်မှု၊ ယုံကြည်မှု၊ ဓလေ့စရိုက်၊ ရိုးရာအစားအစာ(မုန့်ဟင်းခါး) စတာတွေပါဝင်ပါတယ်။

အထက်တွင် ရှိသော ပတ်ဝန်းကျင်သုံးမျိုး တစ်ခုနှင့်တစ်ခု ဆက်စပ်နေပါသည်။ ဥပမာ။ ။ ကျွန်တော်တို့ မြန်မာတွေရဲ့ ယုံကြည်မှုတစ်ခုဖြစ်တဲ့ နတ်ကိုးကွယ်ခြင်း(Cultural Environment) မှာ နတ်နန်းတွေကို သစ်သားတွေနဲ့ အများဆုံးပြုလုပ် ကြတာဖြစ်တဲ့အတွက် နတ်နန်း(Built Environment) လုပ်ဖို့ဆိုရင် အရင်ဆုံး သစ်သားရှိဖို့လိုတယ်။ အဲဒါကြောင့် သစ်ပင်(Natural Environment) တွေကို ခုတ်ကြရတယ်။

ဒါကကျွန်တော်တို့မှာ မြင်သာထင်သာရှိတဲ့ (Cultural Environment) တစ်ခုကို ဥပမာပေးတာပါ။ စတင် လေ့လာသူအတွက် အသုံးဝင်မယ်ထင်လို့ တင်လိုက်တာပါ။ မရှင်းတာများရှိရင် greenbox20100@gmail.com မှာ မေးမြန်းနိုင်ပါတယ်။

Sunday, December 27, 2009

Global Warming





ကမ္ဘာကြီးပူနွေးလာမှုသည် လူတွေ့ကြောင့်လား ဒါမှမဟုတ် သဘာဝအတိုင်း ဖြစ်နေကြ ဖြစ်စဉ်တစ်ခုလား



နိုင်ငံစုံ Corporation ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်အများစုက ကမ္ဘာကြီးပူနွေးလာမှုသည် သဘာဝအလျှောက် ဖြစ်နေကြဖြစ်စဉ်တစ်ခု ဆိုကြသည်။ သဘာဝပတ်ဝန်ကျင် ထိန်းသိန်းရေးသမားများ၊ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသောသူများ နှင့် သိပ္ပံပညာရှင်များက မှု လူတို့၏ပရောဂကြောင့်ဟု တညီတညွတ်တည်း ထောက်ခံကြသည်။ မည်သို့ပင်ဆိုစေ လူတို့၏ ပရောဂမကင်းသည်တော့ သေချာပါသည်။
ကမ္ဘာကြီးပှုနွေးလာမှု ဖြစ်စဉ်ကြီးတစ်ခုလုံးကို လက်တွေ့နည်းကျ တိုင်းတာချက်များနှင့်တကွ အယ်(လ်)ဂိုး(လ်)၏ရှင်းလင်းတင်ပြချက်များကို ရိုက်ကူးထားသော An Inconvenient Truth ဆိုသည့် အော်စကာဆုရ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားကြီးက သက်သေခံလျက်ရှိပါသည်။

ကမ္ဘာကြီးပူနွေးလာမှုဆိုသည်မှာ ကမ္ဘာကြီးတွင် သဘာဝအတိုင်း ရှိသင့်သည့် အပူချိန် ထက်ပိုမိုပူပြင်းလာခြင်းကိုဆိုလိုသည်။ ကမ္ဘာကြီးပူနွေးလာမှုကို အဓိကတွန်းအားပေးသော အရာမှာ CO2 ခေါ် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ပင်ဖြစ်သည်။ CO2 သည် နေရောင်ခြည်မှ လာသောအပူစွမ်းအင်ကို ထိန်းသိမ်းထားနိုင်သည့် ဖန်လုံအိမ်ဓါတ်ငွေ့များထဲတွင် အများဆုံးပါဝင်သည့် ဓါတ်ငွေ့ဖြစ်သလို အကြာရှည်ဆုံး ထိန်းသိမ်းထားနိုင်သည့် ဓါတ်ငွေ့လည်းဖြစ်သည်။ စက်ရုံအလုပ်ရုံများ များပြားလာခြင်း၊စက်တပ်ယာဉ်များ၊ CO2ထွက်သောအခြားစက်ပစ္စည်းများပိုမိုအသုံးပြုလာခြင်း၊ တောမီးလောင်ခြင်း၊ လူဦးရေ တိုးပွားလာခြင်းတို့ကြောင့် လေထုထဲတွင်လိုအပ်သောCO2 ပမာဏထက်ကျော်လွန်ကာ ကမ္ဘာကြီးပိုမိုပူနွေးလာစေခြင်းဖြစ်သည်။ CO2 ပမာဏများလေ ကမ္ဘာကြီး ပိုမိုပူနွေးလေ ဖြစ်သည်။

ကမ္ဘာကြီးပူနွေးလာခြင်းကို ဒုတိယတွန်းအားပေးသော အကြောင်းအရာမှာ Deforestation ခေါ် သစ်တောများ ပြုန်းတီးခြင်းကြောင့်ဖြစ်သည်။ သစ်တောများသည် အရင်းအမြစ်နှစ်မျိုး ရှိသည့်အနက် ပြန်လည်ဖြည့် တင်းနိုင်သောအရင်းအမြစ်ထဲတွင် ပါဝင်သော်လည်း မတော်လောဘတက်နေသော စီးပွားရေး သမားများ၏ အလွန်အကျွံခုတ်ယူခြင်း၊ ဖွံဖြိုးဆဲနိုင်ငံများတွင် သစ်ကို အဓိကလောင်စာအဖြစ် ဆက် လက်အသုံးပြုနေခြင်း၊ လူဦးရေတိုးပွားလာခြင်း၊ သစ်ပင်များကို ပြန်လည်စိုက်ပျိုးမှုနှုန်းနည်းပါးခြင်း၊ မရှိခြင်း တို့ကြောင့်သစ်တောများပြုန်းတီးသည့် အခြေအနေသို့ရောက်ရှိလာခြင်းဖြစ်သည်။ လေထုထဲတွင်လိုအပ်သည့် ပမာဏထက် ပိုလျှံနေသော CO2ဓါတ်ငွေ့များကို စုပ်ယူနိုင်မည့်သစ်ပင်များ မရှိတော့ခြင်းကြောင့် ကမ္ဘာကြီးပူနွေးလာခြင်းအပြင် လေထုညစ်ညမ်းခြင်းကိုပါ ရင်ဆိုင်နေကြရပြီဖြစ်သည်။

ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ကမ္ဘာ့အစွန်းနှစ်ဖက်ရှိ ရေခဲပြင်ကြီးများ အရည်ပျော်ကြခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ကမ္ဘာ့ရေကြောင်းများ ပြောင်းလဲသွားခြင်း၊ ရာသီဥတုများ အရင်ကာလနှင့်မတူ ဆိုးရွားသိသာစွာ ဖောက်ပြန်လာခြင်း(ဥပမာ။ ။မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခြင်း…….)တို့်ကို ကြုံတွေ့နေကြ ရသည်။

ဂေဟဗေဒ သဘောအရ သဘာဝပတ်ဝန်းကျင်သည် တစ်ခုနှင့်တစ်ခု ဆက်နွယ်လျက်ရှိရာ ထိုအထဲမှ တစ်ခုခုချို့ယွင်းသွားလျှင် (သို့) ပြောင်းလဲသွားလျှင် သူနှင့်ဆက်နွယ်လျက်ရှိသော အခြားအရာများကိုပါ အကျိုးသက်ရောက်စေပါသည်။ ထိုသဘောအတိုင်း ကမ္ဘာကြီး ပိုမိုပူနွေးလာမှုကြောင့် အထက်ဖော်ပြပါဆိုးကျိုးများအပြင် သန္တာကျောက်တန်းများ ပျက်စီးခြင်း၊ တိရိစ္ဆာန် နှင့် အပင်များ ရှားပါးလာခြင်းမှ မျိုးတုံးပျောက်ကွယ်တော့မည့်အခြေအနေသို့ပင် ရောက်ရှိနေပါသည်။အခြားဆိုးကျိုးများစွာ ကိုလည်းဖြစ်လာစေရန်ဖိတ်ခေါ်လျှက်ရှိပါသည်။

ကျွန်တော်တို့ပြောင်းလဲရန် နောက်မကျသေးပါ။ကျွန်တော်တို့ အပန်းမကြီးဘဲ လုပ်ဆောင် နိုင်သော အရာများစွာရှိပါသည်။ရေကို မလိုအပ်ဘဲအသုံးမပြုခြင်း (ချွေတာခြင်း)၊ လျှပ်စစ်မီးကိုလည်း အပြင်သွားမည်ဆိုလျှင် ပိတ်သွားခြင်း၊ တစ်ခါသုံးတူမသုံးစွဲခြင်း၊ ကိုယ်ပိုင်ကားနှင့်သွားရန်မလိုသော နေရာများကို လမ်းလျှောက်ခြင်း၊စက်ဘီးစီးခြင်း၊ အများသုံး ယာဉ်၊ရထားတို့ကို အသုံးပြုခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အစည်းများနှင့် ဆက်သွယ်၍ ပါဝင်လုပ်ဆောင်ခြင်းများအပြင် အခြားလုပ်ဆောင်၍ရနိုင်သော အရာများစွာရှိပါသေးသည်။

ကျွန်တော်တို့လုပ်ဆောင်ရန်သာလိုအပ်ပါသည်။ အခုပဲစပြီးလုပ်ဆောင်ကြပါစို့။

ဘိုကလေးသား

အမှန်တကယ်ရင်ဆိုင်နေရသောစစ်ပွဲ



The Right War


အမှန်တကယ်ရင်ဆိုင်နေရသော စစ်ပွဲ

မကြာခဏဆိုသလို ကျွန်ုပ်တို့ ကမ္ဘာကြီးကို မြင်တွေ့ရသည်မှာ အကျပ်အတည်း တစ်ခုမှ နောက်အကျပ်အတည်း တစ်ခုသို့ အလျှင်အမြန် ဖြစ်ပေါ်စေလျှက်ရှိရာ အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခအကြမ်းဖက်မှုများမှအစပြု၍ အာဖရိကတွင် ရောဂါဘယ ထူပြောနေမှုများ၊ ကမ္ဘာတစ်ဝှမ်း စားသောက်ကုန်နှင့် လောင်စာဆီ ဈေးနှုန်း မြင့်တက်လာနေခြင်းများမှ သည် ရာသီဥတုပြောင်းလဲမှု ဒါဏ်အဆုံး ခြိမ်းခြောက်မှုများထိ ရင်ဆိုင်လာနေရသည်။

လူများအနေဖြင့် ယင်းဒုက္ခ အကျပ်အတည်းများကို တစ်ခုပြီးတစ်ခု ရင်ဆိုင်ကြုံတွေ့လာရသောအခါ အပြုသဘော မဆောင်သည့် ခံစားချက်များ တိုးပွားလာပြီး ကမ္ဘာ့ပြဿနာများကို ဖြေရှင်းရန် မလွယ်ကူသည့် အကြောင်းအရာများအဖြစ် ရှုမြင်လာကြသည်။

“ကုလသမ္မဂအနေနဲ့ ကမ္ဘာ့ပြဿနာတိုင်းကို ဖြေရှင်းကိုင်တွယ်ရတဲ့နေရာမှာ လမ်းဆုံလမ်းခွ ရောက်နေတဲ့ နိုင်ငံရေးပြဿနာတွေသာမက ရာသီဥတုပြောင်းလဲမှုကြောင့်ကြုံတွေ့လာရတဲ့ ပြဿနာ တွေကိုပါ ရင်ဆိုင်ဖြေရှင်းနေရတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာအများစုထဲက ဆင်းရဲမွဲ တေမှုက စလို့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုတွေအဆုံး စတာတွေဟာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ဆက်စပ်ချိတ်ဆက်နေတယ်။ ရာသီဥတု ပြောင်းလဲခြင်းအတွက် အဖြေတစ်ခုရှာဖွေတာဟာ အခြားနယ်ပယ်တွေမှာ အကျိုးအမြတ်တွေကို ဆောင်ကျဉ်းပေးနိုင်တယ်။ ပိုပြီးစိမ်းလန်းတဲ့ ကမ္ဘာကြီးဟာ ပိုပြီးငြိမ်းချမ်းပြီး သာယာဝပြောဖို့ဆိုတာ သေချာတယ်။”

ဟု ကုလသမ္မဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း ကဆိုသည်။

“ကျွန်တော့်အနေနဲ့ အာဖရိကတိုက် ဆူဒန်နိုင်ငံတောင်ပိုင်း ဒါဖာဒေသမှာ ဖြစ်ပျက်နေတဲ့ လူမျိုးတုန်း သက်ဖြတ်မှု (Genocide) နဲ့ပက်သက်ပြီး ကုလသမ္မဂ အတွင်းအရေးမှုးအဖြစ် စပြီးတာဝန်ထမ်းဆောင် တဲ့ နှစ်မှာပဲ သံတမန်ရေးနည်းလမ်းနဲ့ ချဉ်းကပ်ဖို့ စဉ်းစားခဲ့တယ်။ ဒီနေရာမှာ ဒီဒေသမှာဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းရေးတပ်တွေစေလွတ်ပြီး ပြဿနာပြေလည်သွားစေဖို့ ဆိုတာ လုံလောက်တဲ့ အဖြေတစ်ခု မဖြစ်စေခဲ့ဘူး။ အမှန်က ပဋိပက္ခတွေ စဖြစ်နေချိန်တည်းက ဒါဖာဒေသမှာ ဆယ်စုနှစ်ချီပြီး မိုးခေါင်မှုပြဿနာကို ကြုံတွေ့ခံစားလာခဲ့ရတာ ဒီပြဿနာရဲ့နောက်ဆက်တွဲကြောင့် လယ်ယာမြေနဲ့ ရေအသုံးပြုမှုနဲ့ပက်သက်ပြီး ဒီဒေသက လယ်သမားတွေနဲ့ တိရိစ္ဆာန်ထိန်းကျောင်းသူတွေဟာ စစ်ပွဲဖြစ်လာစေတဲ့ ပဋိပက္ခထဲကို ၀င်ရောက်လာခဲ့ကြတယ်။ ကျွန်တော်တို့ အနေနဲ့ အမြစ်တွယ်နေတဲ့ ဒီပြဿနာကို အာရုံမစိုက်နိုင်ခဲ့ရင်၊ ဆင်းရဲမွဲတေမှု၊ သဘာဝပတ်ဝန်းကျင် ပျက်သုန်းမှုနဲ့ ရာသီဥတု ပြောင်းလဲမှုဒါဏ်ကို ထိန်းချုပ်ဖို့ အတူတကွ လက်တွဲမလုပ်ဆောင်ခဲ့ရင် ဒါဖာအရေးအတွက် ကျွန်တော် တိုအဆိုပြုပေးနေမှုတွေဟာ အခိုက်အတန့်အားဖြင့်သာ အထောက်အကူ ပြုနိုင်လိမ့်မယ်”

ဟု ဘန် ကဆိုသည်။

အာဖရိကဒေသ၏ ငတ်မွတ်ခေါင်းပါးမှုကို ဖြေရှင်းရာတွင် လယ်သမားများအတွက် ဒေသနှင့် သင့်တော် သည့် သီးနှံမျိုးကောင်း မျိုးစေ့များ၊ ရေစုပ်စက်နှင့် မြေသြဇာ ထောက်ပံ့ပေးမှုများက အစိတ်အပိုင်းတစ် ခုဖြစ်လာနိုင်မည်။

ယခုနှစ် ကုလသမ္မဂ၏ အရေးကြီးသော လုပ်ဆောင်ဖွယ်ရာ လုပ်ငန်းစဉ်များတွင် ဆင်းရဲ့မွဲတေမှုနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးမှာ အဓိကအရေးပါမှုအဖြစ် ပါဝင်နေသည်။ ထို့ပြင် သန့်စင်သော ရေရှည်အသုံးပြုနိုင်သည့် စွမ်းအင်စနစ်များ၊ အာဖရိကဒေသ လယ်ယာစိုက်ပျိုးရေး အထွက်တိုး ကောင်းမွန်မှု၊ မိုးခေါင်မှုကြုံတွေ့နေရသော အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အမေရိက ဒေသများတွင် ကောင်းမွန်သော ရေရရှိမှုစနစ် ဖြစ်ထွန်းလာမှု တို့အတွက်အာရုံစိုက်လျှက်ရှိသည်။

“ကမ္ဘာမြေကြီး၊ ပင်လယ်၊ သမုဒ္ဒရာ နဲ့  လေထုဟာ နိုင်ငံအားလုံးနဲ့ သက်ဆိုင်တယ်။ ဒါ့အပြင် သိပ္ပံ ပညာရပ်၊ နည်းပညာနဲ့ ပညာရေးဆိုတာ နိုင်ငံအားလုံးရဲ့ အကောင်းဆုံး မဟာမိတ် ဖြစ်နိုင်တယ်။ ဒီအကြံ ဥာဏ်ကို ကျွန်တော်တို့ လက်တွေ့အကာင်အထည် ဖော်ကြပါဆို့”

ဟု သမ္မတ ဂျွန်အက်(ဖ်)ကနေဒီက ၁၉၆၃ နှစ်က ကုလသမ္မဂ အထွေထွေညီလာခံတွင် ပြောကြား ခဲ့သည်။

Time magazine မှ ကုလသမ္မဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း ရေးသားသည့် The Right War ကိုဆီလျှော် အောင် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ ဒါဖာတွင်ကြုံတွေ့နေရသော မိုးခေါင်ရေရှားမှု၊ သီးနှံစိုက်ပျိုး၍ မဖြစ်ထွန်းမှု မှစ၍ ဖြစ်ပွားခဲ့သော လူမျိုးတုန်း သတ်ဖြတ်မှု့ကို အခြေခံ၍ ရေးသားထား ခြင်းဖြစ်သည်။

အမှန်တကယ်ပင် ကျွန်ုပ်တို့ကြုံတွေ့နေရသည် အခက်အခဲ၊ ပြဿနာများ၏ အရင်းအမြစ်ကို ရှာဖွေကြည့်လျှင် ပြဿနာအများစုမှာ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝ အရင်းအမြစ်များ(ဥပမာ။ ။ရေနံ) စသည်တို့က အခြေခံအကြောင်းအရင်း ဖြစ်နေသည်ကို တွေ့ရှိ ရပါသည်။ ပြဿနာတစ်ရပ်တိုင်းတွင် ဖြစ်ပေါ်လာသည့် အကျိုးဆက်တွေကို လတ်တလောဖြေရှင်း သည်ကမှန်သော်ငြားလည်း၊ ထိုပြဿနာဖြစ်ရခြင်း၏ အကြောင်းအရင်းကို ရှာနိုင်မှသာ ရေရှည် ဖွံဖြိုးတိုးတက်ခြင်းကိုရနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့ အမှန်တကယ်ကြုံတွေ့နေရသော စစ်ပွဲမှာ ………..

Ref:The Right war by Ban Ki-moon,Time April 28, 2008

ဘာသာပြန်- မိုးတိမ်

POPs ဆိုသည့် အညစ်အကြေး

POPs(PersistentOrganicPollutants)ဆိုသည်မှာပတ်ဝန်းကျင်တွင် မပြိုကွဲပဲကြာရှည်စွာတည် ရှိသောဇီဝအခြေခံ အညစ်အကြေးများ ကိုဆိုလိုပါသည်။သင့်ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါ။

POPs စွန့်ပစ် ပစ္စည်း ဘာတွေရှိသလဲဆိုတာကိုသိနိုင်ပါလိမ့်မည်။ဖန်ပုလင်း၊ပလတ်စတစ်၊ဖော့၊စတာတွေ

ပေါ့။ဒါပေမဲ့ မမြင့်နိုင်တဲ့ POPs များလည်းရှိပါသေးသည်။ဓတုဓါတ်မြေသြဇာ၊ပိုးသတ်ဆေး၊ရွက်ဖြန်း

ဓါတ်မြေသြဇာ များဖြစ်ပါသည်။၎င်းစွန့်ပစ် ပစ္စည်းများသည် ကျွန်တော်တို့ နေထိုင်ရာကမ္ဘာမြေကြီး

ယခုအချိန်မှာအကြီးအကျယ်ဒုက္ခပေးနေပါပြီ။

ဥပမာတစ်ခုနေနဲ့ ပိုးသတ်ဆေးဖြန်းထားသောသစ်ရွက်တစ်ရွက်ကိုစားထားသော ဘောက်ဖတ်တ

ကောင်ဆိုပါတော့၊ဒီဘောက်ဖတ်ကိုယ်ထဲမှာ ပိုးသတ်ဆေးတွေအနည်းအများဆိုသလိုပါမှာသေချာ

တယ်။ဒီဘောက်ဖတ်ကနေလိပ်ပြာဖြစ်မယ်၊လိပ်ပြာကိုငါးကစားမယ်၊နောက်ဆုံး ဒီငါးကလူတွေစား

တဲ့ ထမင်းပန်းကန်းထဲကိုနောက်ဆုံးရောက်လာတာပဲ။ဒါမြင်သာထင်သာရှိတဲ့ ဥပမာ တစ်ခုကိုတင်

ပြတာပါ။ဒီလို အစားအစာမျိုးကို ကျွန်တော်တို့ဘယ်လောက်စားပြီလဲ။

နောက်တမျိုးကတော့ အခုအရမ်းခတ်စားနေတဲ့ ပလတ်စတစ်။ပလတ်စတစ်ကို ကျွန်တော်တို့ဘာ

ကြောင့်သုံးနေကြတာလဲ ဆိုတာကိုအရင်စဉ်းစားဖို့လိုလာပြီ။အရည်လိုဟာမျိုးတွေထည့်လို့ရတယ်၊

စိမ့်ထွက်မှုမရှိဘူ၊လုံခြုံတယ်၊ကြာရှည်ခံတယ်၊ဓျေးပေါတယ်၊ဒါကကောင်းကျိုးတွေ။

ကြာရှည်ခံတယ်၊လုံခြုံတယ်၊စတဲ့ ကောင်းကျိုးတွေကပဲ ကျွန်တော်တို့ကိုဒုက္ခပေးနေတာ။ကြာရှည်

ခံတယ်၊ဓျေးပေါတော့ ပေါပေါများများဝယ်သုံးနိုင်တဲ့အတွက် ပေါပေါလောလောပဲ တစ်ခါသုံးပြီးရင်

စွန့်ပစ်လိုက်ကြတယ်။ပြဿနာက အဲဒီမှာတင်စတာ။ပလတ်စတစ်က ကြာရှည်ခံတဲ့ ပစ္စည်းဆို

တော့ ဘယ်နေရာစွန့်ပစ် စွန့်ပစ် စွန့်ပစ်တဲ့လူသာ အရိုးဆွေးသွားမယ် သူကတော့ဆွေးမှာမဟုတ်

ဘူး၊ဒီတော့မေးစရာ ရှိလာပြီ မစွန့်ပစ်တော့ဘူးကွာ မီးရှို့မယ်ဆိုတော့လည်း Dioxins(ဒိုင်အောက်

ဇင်)လို့ခေါ်တဲ့ အလွန်အဆိပ်အတောက်ဖြစ်စေသော ဓါတ်ငွေ့တစ်မျိုးထွက်လာတယ်။ဒီဓါတ်ငွေ့

ကိုရှုရှိုက်မိရင် လူကိုသေစေတဲ့အထိဒုက္ခပေးနိုင်သလို ကင်ဆာရောဂါကိုလည်းဖြစ်စေနိုင်တယ်၊လူ့

ကိုယ်ခံစွမ်းအားကိုလည်း ဖျက်စီးပြစ်တယ်။ပိုတောင်ဆိုးနေသေးတယ်။ဒီတော့ကျွန်တော်တို့လုပ်ဖို့

နည်းလမ်းနှစ်သွယ်ရှိတယ်

5Rs လို့လူသိများတဲ့

Reuse(ပြန်သုံးမယ်)

Refuse(ငြင်းပယ်မယ်)

Reduce(လျှော့ချမယ်)

Recycle(ပုံစံတစ်မျိုးပြောင်းသုံးမယ်)

Return(ပြန်ပို့မယ်)

ဆိုတာတွေကိုလုပ်လို့ရတယ်။ဒါကတစ်ဦးချင်းဆီလုပ်ဆောင်လို့ရတဲ့နည်းနှစ်နည်းဖြစ်တယ်။ကျွန်

တော် 5Rs နည်းနည်းရှင်းပြချင်ပါတယ်။

Reuse ကျွန်တော်တို့နွားနို့တစ်ထုတ်ဝယ်လာတယ်ဆိုပါတော့၊ပလတ်စတစ်အိတ်

နှစ်အိပ်ပါလိမ့်မယ်။အပြင်အိတ်ကဘာမှမပေဘူး။ဒီတော့ တခြားနေရာမှာ

ပြန်သုံးလို့ရတယ်။အတွင်းအိတ်ကိုလည်း ဆေးကြောပြီးနောက်တစ်ခါပြန်

သုံးလို့မတယ်။

Refuse ဆေးကြောထားတဲ့ နွားနို့အိပ်ကို နောက်တစ်ခါဓျေးသွားဝယ်တော့ယူသွား

မယ်။ငါးသွားဝယ်မယ် ဆိုင်ရှင်က ပလတ်စတစ် အိပ်အသစ်တစ်ခုနဲ့ထည့်

မယ်လုပ်ရင် သူ့ကိုမထည့်ဖို့ပြောမယ်။ပါလာတဲ့ နွားနို့အိပ် အဟောင်းကိုပေး

လိုက်မယ်။တခုသတိထားရမှာက ဓျေးသည်တွေ ပလတ်စတစ်အိတ်ကို မ

ထုတ်ခင်(သို့)မဖြုတ်ခင်မှာ ကြိုပြောထားဖို့လိုတယ်။တကယ်လို့ဖြုတ်ပြီးမှ

ကိုယ်က ငြင်းလိုက်ရင် သူကဒီအိပ်ကိုပြန်သုံးမယ်မထင်နဲ့။ဓျေးပေါ်လွန်း

တော့ (ထုတ်၊ဖြုတ်)ပြီးသားအိပ်ကိုလွင့်ပစ်မှာ ၈၀%လောက်ရှိတယ်။ကိုယ်

ငြင်းပယ်လိုက်တဲ့ရည်ရွယ်ချက်လည်း အလဟသ ဖြစ်သွားနိုင်တယ်။

Reduce (လျှော့ချမယ်)လျှော့ချဘို့ နည်းလမ်းတွေအများကြီးရှိပါတယ်။ဒီငါးချက်လုံး

(5Rs)ကလည်းလျှော့ချတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။တခြားဥပမာပေး

လို့ရတာလေးတွေကတော့ ဓျေးသွားတဲ့အခါ ဓျေးခြင်းတောင်းကိုယူသွား

တာ၊(5Rs)ကိုအသိစိတ်ဓါတ်ရှိရှိ လိုက်နာတာ၊ကိုယ်သိသလောက်ပတ်

ဝန်းကျင်ထိန်းသိန်းရေး အသိပညာလေးတွေကို ကိုယ်မိဘ၊အသိုင်းအ၀ိုင်း

မိတ်ဆွေတွေကို ဖြန့်ဝေတာ၊သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးအဖွဲ့၊NGO

တွေမှာ ကူညီလုပ်ဆောင်တာ၊တစ်ခါသုံးတူတွေမသုံးတာ၊စသည့်နည်းလမ်း

များ ဖြစ်ပါသည်။

Recycle အသစ်တစ်မျိုးပြောင်းသုံးကြမယ် ဆိုတာနဲ့ကျွန်တော်တို့ ရေသန့်ဘူးဟောင်း

တွေကို လိုက်ကောက်နေတဲ့ သူတွေကို ကျေးဇူးတင်သင့်တယ်။သူတို့တွေက

ရေသန့်ဘူးဟောင်းတွေကို ပြန်သွင်းပြီးတော့ Recycle လုပ်တဲ့သူတွေဆီကို

ပို့ပေးတာဖြစ်တယ်။ကိုယ်ဘာမှမလုပ်နိုင်ရင်တောင်မှ ကိုယ်စွန့်ပစ်မည့်အရာ

တွေကို စုထားပြီး အဟောင်းဆိုင်သွားပို့တာမျိုးကိုလုပ်နိုင်ပါတယ်။

Retrun ပြန်ပို့မယ် ဆိုတာ အဟောင်းဆိုင်ကိုသွင်းတာမျိုးမဟုတ်ပါဘူး။ဆေးကြောစု

ဆောင်းထားတဲ့ ပလတ်စတစ်တွေကို ပလတ်စတစ် အသုံးများတဲ့ ဓျေးဆိုင်

တွေကိုပြန်ပို့တာကိုဆိုလိုတာပါ။

ဒီငါးချက်က တော့လျှော့ချသည့်နည်းလမ်းများဖြစ်ပါသည်။ပလတ်စတစ်ကို လုံးဝမသုံးပဲသူ့အစား

အစားထိုးလို့ရတဲ့ ပစ္စည်းမှမပေါသေးတာ၊ဒီတော့ ဒီငါးချက်ကိုတစ်ဦးချင်းဆီသာ လိုက်နာမည်ဆို

ရင် ကျွန်တော်တို့ကမ္ဘာကြီးကို ကယ်တင်ပြီးသားဖြစ်မှာပါ။ကျွန်တော်တို့ရဲ့မျိုးဆက်သစ်တွေအ

တွက်သန့်ရှင်းလတ်ဆတ်တဲ့ကမ္ဘာကြီးကိုထားခဲ့ရမည့်တာဝန် ကိုလည်းထမ်းဆောင်ရာရောက်ပါ

တယ်။

နိဂုံးချုပ်အနေနဲ့မှာချင်တာကတော့ ဒီစာလေးကိုဖတ်ပြီးပြီဆိုတာနဲ့ ဒီငါးချက်ကို သင်ကိုယ်တိုင်၊

သင့်မိဘ၊သင့်အသိုင်းအ၀ိုင်းကို ဖြန်ဝေပေးပြီး လိုက်နာကျင့်သုံးမည်ဆိုလျှင် ကျွန်တော့်အနေနှင့်

အလွန်အားရနှစ်ထောင်းမိပါကြောင်း…………… :)

ဘိုကလေးသား

Share

Twitter Delicious Facebook Digg Stumbleupon Favorites More