Sunday, January 3, 2010

၂၀၁၀ ပြည့်နှစ်ကို (Year of Biodiversity) ဟုသတ်မှတ်

၂၀၁၀ ပြည့်နှစ်ကို (Year of Biodiversity) ဟုသတ်မှတ်

၂၀၁၀ ပြည့်နှစ်ကို (Year of Biodiversity) ဟုသတ်မှတ်လိုက်ကြောင်း သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ နိုင်ငံတကာ သမဂ္ဂအဖွဲ့ (IUCN) က ကြေငြာလိုက်သည်။


၂၀၁၀ ပြည့်နှစ် တစ်နှစ်ပါတ်လုံး မျိုးသုန်းလုနီး အန္တာရယ် ကြုံတွေ့နေရသော ၀န်ရိုးစွန်းဝက်ဝံများမှ စ၍ ကြီးမားသော ကုန်းနေ၊ ရေနေ သတ္တ၀ါများ၊ ကြီးမားသော ဝေလငါးဖြူများ နှင့် ကျူးဘား မိချောင်းမျိုးများမှာ အင်တာနက် သတင်းများတွင် နေရာယူနေမည်ဟု (IUCN) အဖွဲ့က ဆိုသည်။ ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ခုနှစ်အတွင်း မျိုးသုန်းပျောက်ကွယ်ရန် အဖြစ်နိုင်ဆုံး တိရိစ္ဆာန် ၃၆၅ မျိုး၊ ငှက်များ နှင့် အပင်များကို နေစဉ် ထုတ်ပြန်ဖော်ပြ သွားမည် ဟုဆိုသည်။

သိပ္ပံဆိုင်ရာအထောက်အထားတွေရဲ့ ဖော်ပြချက်အရ ဇီဝမျိုးစိတ်တွေ မျိုးသုန်းမဲ့ အရေးက တကယ့်သေရေးရှင် ရေး ပြဿနာဖြစ်လာပါပြီ။ လက်ရှိ ပညာရှင်တွေ ရှာဖွေတွေရှိထားတဲ့ မျိုးစိတ် ၁.၈ သန်း ထဲက သုံးပုံတစ်ပုံလောက်ဟာ ခြိမ်းခြောက်ခံနေရတယ်

ဟု ဆွစ်(စ်) အခြေစိုက် ဇီဝမျိုးကွဲ ပညာရှင် ဂျိမ်းစမတ် မှ ပြောကြားသည်။ ကျွမ်းကျင်ပညာရှင်များ၏ အဆိုအရ သိပ္ပံအမည် မသတ်မှတ်ရသေးသော မျိုးစိတ် စုစုပေါင်းမှာ ခြောက်သန်းမှ ခုနှစ်သန်းကြား ရှိနေနိုင် သည်ဟု ယုံကြည်ထားကြသည်။

Ref: Reuters; Endangered species to get daily web spot in 2010

မိုးတိမ်

1 comments:

ဒီပိုစ့်လေးကို ကူးခွင့်ပြုပါလားဗျ။

http://friendsdaygroup.ning.com/forum/topics/2293535:Topic:658650

ဒီမှာ ဖော်ပြချင်လို့ပါ။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More