Sunday, January 3, 2010

၅ နှစ်မှ ၇ နှစ်အတွင်း ၀န်ရိုးစွန်းရေခဲများ ပျောက်ကွယ်သွားနိုင် ဟု အယ်ဂိုး(လ်) ပြောကြား

၅ နှစ်မှ ၇ နှစ်အတွင်း ၀န်ရိုးစွန်းရေခဲများ ပျောက်ကွယ်သွားနိုင် ဟု အယ်ဂိုး(လ်) ပြောကြား


ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဂုရုကြီး အယ်ဂိုး(လ်) က ၀န်ရိုးစွန်းဒေသရှိ ရေခဲများသည် လာမည့် ၅ နှစ်မှ ၇ နှစ် အတွင်း ကွယ်ပျောက်သွားနိုင်ကြောင်း ကွန်ပြူတာအချက်အလက် တွက်ချက်မှုများကို ကိုးကား၍ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် မြို့တွင် ဒီဇင်ဘာ ၇ ရက်မှ ၁၈ ရက်ထိ ပြုလုပ်ခဲ့သော ကုလသမဂ္ဂ ရာသီဥတု ဆိုင်ရာညီလာခံတွင် ပြောကြားခဲ့သည်။


အယ်ဂိုး(လ်)၏ ခန့်မှန်းချက်အသစ်မှာ အလွန်ကြောက်စရာ ကောင်းကြောင်း အမေရိကန် အစိုးရ သိပ္ပံပညာရှင် တစ်ဦးက ပြောကြားခဲ့သော်လည်း အခြား သုသေတန ပညာရှင်များက ၀န်ရိုးစွန်းရေခဲများမှာ ၂၀၃၀ ခုနှစ် ထက်မစောပဲ လျှင်လျှင်မြန်မြန် ပျောက်ကွယ်မသွားနိုင်ဟု အစောပိုင်းက ခန့်မှန်းပြောကြားထားကြသည်။ နှစ်ပါတ်ကြာ ကျင်းပသော ကိုပင်ဟေဂင် ရာသီဥတု ဆိုင်ရာ ညီလာခံသို့ ကမ္ဘာ့ခေါင်းဆောင် အများအပြား အပါအ၀င် သိပ္ပံပညာရှင်များ သဘာဝပတ်ဝန်းကျင် ပညာရှင်များ စုံစုံလင်လင်တက်ရောက်ခဲ့ကြသည်။

အယ်ဂိုး(လ်)နှင့်အတူ စကင်ဒီနေဗီးယန်း အရာရှိများ နှင့် သိပ္ပံပညာရှင်များသည် ညီလာခံသို့ အတူတကွ တက်ရောက်လာကြပြီး အာတိတ်ဒေသရှိ ရေခဲပြင်များ လျှင်မြန်စွာအရည်ပျော်နေမှု၊ Green Land ရေခဲပြင်များ အရည်ပျော်နေမှုနှင့် အာတိတ်ဒေသရှိ ကျန်ရေခဲပြင်များ အကြောင်းလေ့လာထားသော အစီအရင် ခံစာသစ်နှစ်ခုကို ပြသခဲ့ကြသည်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာ လတွင် ထွက်ပေါ်လာသော လေ့လာတွေ့ရှိချက်အရ အာတိတ်ရေခဲပြင်မှာ ၄.၃ သန်း စတုရန်းကီလိုမီတာအထိ တဖြည်းဖြည်း ကျုံ့သွားကြောင်း ဖော်ပြထားသည်။ သို့သော် ရေခဲများအရည် ပျော်မှုမှာ ၂၀၀၈ နှင့် ၂၀၀၉ များတွင် သိပ်မများခဲ့သော်လည်း ဒုတိယ နှင့် တတိယ အများဆုံး စံချိန်တင် လျော့ကျမှု့ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် ရာစုနှစ်အတွင်း ပျမ်းမျှ ကမ္ဘာ့အပူချိန်သည် ၀.၇၄ ဒီဂရီ ဆဲ(လ်)စီးယပ် (၁.၃ ဒီဂရီ ဖာရင်ဟိုက်) တိုးခဲ့ပြီး အာတိတ်ဒေသတွင် အပူချိန် နှစ်ဆ လျှင်မြန်စွာ တိုးလာခဲ့သည်။

အမေရိကန်အမျိုးသား သမုဒ္ဒရာ နှင့် လေထု ဆိုင်ရာ အဖွဲ့၏ အဆိုအရ အာတိတ်ဒေသ သည်လာမည့် နှစ်ပေါင်း သုံးဆယ်အတွင်း ရေခဲကင်းစင်သော ဒေသဖြစ်လာမည်ဟု ၂၀၀၈၊ အေပြီ လက ခန့်မှန်းထားခဲ့ သည်။

အခုအချိန်က ရာသီဥတိုပြောင်းလဲမှုအပေါ် ချက်ချင်း တုန့်ပြန်ဖို့အချိန် တန်ပြီ ဟု ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး ပါစတင်မိုလာ က ညီလာခံတွင် ပြောကြားခဲ့သည်။ နိုင်ငံပေါင်း ၁၉၂ နှစ်နိုင်ငံမှာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော ကိုပင်ဟေဂင် ညီလာခံမှာ ရာသီဥတု အရေး အဓိက ပြဿနာများ ဖြေရှင်းရာတွင် ခေါင်းဆောင်များကြား တစ်စုံတစ်ရာ တိကျသော အဖြေမရရှိခဲ့ပဲ အငြင်းပွားမှုများဖြင့် အဆုံးသတ်ခဲ့သည်။

Ref; Gore: Polar ice may vanish in 5-7 years

မိုးတိမ်

1 comments:

အဲ စိုးရိမ်စရာပဲဗျနော်။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More