Globalization Vs Environment

World is tiny by globalization process. Environmental degradation is huge by globalization process. Use the technology to conserve our Home.

Development Vs Environment

သဘာဝပတ်ဝန်းကျင်အရည်အသွေးနဲ့ စီးပွားရေးဖွဲ့ဖြိုးမှုကြားမှာ အငြင်းပွားစရာရှိလာခဲ့ရင် ကျုပ်ကတော့ လှပတဲ့ရှုခင်း၊ သန့်စင်တဲ့လေ၊ ကြည်လင်တဲ့ရေကို ရွေးမယ်ဗျာ။ Jimmy Carter

Posterity Vs Environment

ကောင်းမြတ်ခြင်းသီလရှိတဲ့ လူ့အဖွဲ့အစည်းရဲ့ အကြွမ်းမဲ့စမ်းသပ်ချက်က ကလေးသူငယ်တွေအတွက် ဘယ်လိုလောကအသိုက်အမြုံ ချန်ထားပေးခဲ့သလဲဆိုတာပဲ ဖြစ်တယ်။ Dietrich Bonhoeffer

Ethic Vs Environment

အနာဂါတ်ကို ကျုပ်တို့မခန့်မှန်းကြဘူး။ ဒါပေမဲ့ရွေးချယ်စရာတွေ ပိုချန်ပေးထားကြရင် မကောင်းဘူးလားဗျာ။ ဒါမှ ဘယ်လိုစိန်ခေါ်မှုတွေပဲလာလာ ကျုပ်တို့ပိုပြီး အဆင်သင့်ဖြစ်ကြမှာ။ Planet Earth

Conservation Vs Environment

အဆုံးမှတော့ ကျုပ်တို့မြတ်နိုးတာတွေကိုပဲ ကျုပ်တို့ ထိန်းသိမ်းကြမှာ။ ကျုပ်တို့နားလည်တာတွေကိုပဲ မြတ်နိုးကြမှာ။ လေ့လာသင်ကြားပါမှလည်း နားလည်သိမြင်လာကြမှာပါ။ Baba Diorm

Thursday, July 15, 2010

ကမ္ဘာမြေရဲ့ အဆုတ် (သို့) စိမ်းလန်းသော သစ်တောများ

(၁၂) နာရီလောက်ရှိပြီထင်တယ်။ အိပ်လို့လည်းမရတာနဲ့ ဆရာတစ်ယောက်ဆီက ငှားလာတဲ့ စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်တယ်။ စာအုပ်နာမည်က တောများ၊ တောင်များ၊ သစ်တောများ၊ ဆင်ခြေလျှောများ၊ ဆရာနေဝင်းမြင့်ရေးတာဖြစ်ပြီး၊ ခရီးသွား သဘာဝပတ်ဝန်းကျင်ဆောင်းပါးတွေစုတည်းထားတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်။ အပြင်မှာက မိုးနည်းနည်းအေးတယ်။ ရာသီဥတုကလည်း ခပ်အေးအေးဆိုတော့ စာဖတ်လို့ တော်တော်ကောင်းတာတော့အမှန်ပဲ။ ဒီလိုနဲ့ဖတ်လိုက်တာ ည ၂ နာရီခွဲလောက်ဖြစ်သွားတယ်။ လူကလည်း မျက်လုံးနည်းနည်း စင်းလာပြီ။ ဒါနဲ့ စာအုပ်ကို ခေါင်းရင်းမှာတင်ထားလိုက်ပြီး စာကြည့်မီးလည်းပိတ်လိုက်တယ်။ တကယ်အိပ်မယ်လည်းဆိုရော အိပ်လို့ကမရပြန်ဘူး။ ဟိုတွေးဒီတွေးရင်းနဲ့ပဲ ခုဏကဖတ်တဲ့စာအုပ်အကြောင်း ခေါင်းထဲပြန်ရောက်လာတယ်။ ဆရာနေဝင်းမြင့်အဓိကပြောချင်တာက သစ်တောတွေအကြောင်းဖြစ်တယ်။ သစ်တောတွေရဲ့အသုံးဝင်ပုံတွေ၊ အကျိုးကျေးဇူးတွေ နဲ့ အခြားနိုင်ငံတွေမှာ သစ်တောတွေ ဘယ်လိုပြုန်းတီးနေကြောင်း၊ အဲသလိုဖြုန်းတီးခဲ့တာတွေအတွက်လည်း အခုအချိန်မှာ ရာသီဥတုဆိုးဝါးမှု၊ မိုးခေါင်ရေရှားမှု၊ မြေဆီလွှာ ပျက်ဆီးမှု၊ အပြင် အခြားဆိုးဝါးတဲ့ အခြေအနေ တွေနဲ့ရင်ဆိုင်နေရကြောင်း၊ ဒါတွေကို သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေနဲ့ အဖွဲ့အစည်းတွေက ပြန်လည်ထိန်းသိမ်း နေတဲ့အကြောင်း ကိုရေးထားတာဖြစ်ပါတယ်။

မှန်ပါတယ်။ သစ်တွေတွေက ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ အဆုတ် တွေဖြစ်ပါတယ်။ photosynthesis လို့ခေါ်တဲ့ သစ်ရွက်တွေအစာ ချက်လုပ်မှုမှာ နေရောင်ခြည်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့၊ ရေ လိုအပ်တယ်။ ဒါတွေနဲ့အစာချက်လုပ်ပြီးတဲ့အခါမှာ သစ်ရွက်တွေက အောက်ဆီဂျင်နဲ့ ရေခိုးရေငွေ့တွေကို ပြန်လွှတ်တယ်။ ကျွန်တော်တို့ ရှုသွင်းတဲ့ လေကောင်းလေသန့် အောက်ဆီဂျင်ကို ရနိုင်ဖို့ သစ်တောတွေက အဓိကတာဝန်ယူပေးနေတယ်။ သစ်တောတွေပြုန်းတီးလို့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေလေထဲမှာ များလာပြီဆိုရင် ကမ္ဘာကြီးပိုမိုပူနွေးလာမယ်။

ကမ္ဘာ့ရေသံသယာလည်ပတ်ဖို့ အတွက်ကိုလည်း သစ်တောတွေက တစ်စိတ်တစ်ပိုင်းအားဖြင့်အရေးကြီးပြန်တယ်။ ဒါအပြင် အမြဲစိမ်သစ်တွေတွေက ဇီဝမျိုးစိတ်တွေ အပေါ်များ၊ အကြွယ်ဝဆုံး နေရာတွေဖြစ်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အပင်၊ သတ္တဝါ၊ အင်းဆက် နဲ့အခြား နာမည်သိပြီးသား မျိုးစိတ်တွေရဲ့ တဝက်လောက်က အမြဲစိမ်းသစ်တောတွေမှာတွေ့ရတာဖြစ်တယ်။ လူတွေရဲ့နေစဉ် စား၊ ဝတ်၊ နေရေး လိုအပ်ချက်တွေ၊ ဆေးဝါးလိုအပ်ချက်တွေကိုလည်း ဒီသစ်တောတွေနဲ့၊ သစ်တွေတွေမှာရှိတဲ့ ဇီဝမျိုးစိတ်မျိုးကွဲတွေက ဖြည့်ဆည်း ပေးနေတယ်။ နောက်ပြီး သစ်တွေတွေက မြေဆီလွှာတွေကို ထိန်းသိမ်းပေးတယ်။ ဘယ်လိုနည်းနဲ့ထိန်းသိမ်းပေးလည်းဆိုရင် သစ်ရွက်တွေက သည်းထန်တဲ့ မိုးပေါက်မိုးစက်တွေကို မြေပြင်နဲ့တိုက်ရိုက်မထိအောင် ကာကွယ်ပေးတယ်။ ဒီလိုတိုက်ရိုက်မထိတဲ့အတွက် မြေပြင်မှာရှိတဲ့ အဖိုးတန် အပေါ်ယံမြေဆီလွှာတွေ ဆီကို မိုးရေတွေရောက်ချိန်မှာ အရှိန်ကတော်တော်ကိုနည်းသွားပြီ၊ ဒါကြောင့် မြေဆီလွာတွေမပြုန်းတီးတော့ဘူး။ သစ်မြစ်တွေကလည်း မြေကြီးမှာ မြေကတုတ် လို ကုပ်ယူထားတော့ တော်ယုံတန်ယုံရေစီးလောက်နဲ့ မြေဆီလွှာတွေကို ပါမသွားစေနိုင်ဘူး။ သစ်တောတွေက မြေကတုတ်တင်မဟုတ်ဘူး လေကတုတ်တာဝန်ကိုလည်းယူထားတယ်။ လေပြင်းလောက်ကတော့ သစ်တောအကာအကွယ်ရှိနေရင် လေပြေလေညင်းအသွင်ကိုပြောင်းလဲပစ်နိုင်တယ်။

မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေရဲ့ ရေဝေရေလွှဲ စနစ်မှာလည်း သစ်တော့တွေက မရှိမဖြစ်အရေးကြီးတဲ့နေရာမှာရှိတယ်။ မိုးတွင်းမှာရွာခဲ့တဲ့ မိုးရေတွေကို သစ်တွေတွေရဲ့ အမြစ်တွေ သိုလှောင် ပေးတယ်။ နွေ နဲ့၊ ဆောင်းတွင်းလို ခြောက်သွေ့တဲ့ရာသီကိုရောက်တဲ့အခါမှာတော့ မြစ်ချေင်းအင်းအိုင်တွေထဲကို သိုလှောင်ထားတဲ့ရေတွက တဖြည်းဖြည်းချင်း စိမ့်ဝင်တယ်။ ဒါကြောင့် နွေ၊ နဲ့ ဆောင်းရာသီမှာ မြစ်ချောင်းအင်းအိုင်တွေမခြောက်ခမ်းတာဖြစ်တယ်။ သစ်တောမရှိရင် ရေမရှိနိုင်ဘူး။ ကမ္ဘာ့လူဦးရေရဲ့ ၇၄%ဟာ မြေအောက်ရေ ကိုအားကိုးအားထားပြုနေရတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့စစ်တမ်းတစ်ဆောင်ကပြောတယ်။ အထက်ကပြောခဲ့သလို သစ်တောတွေက ရေသံသရာအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်သလို့ မြေအောက်ရေ ဖြစ်တည်ဖို့ အတွက်လည်း အလွန်အရေးကြီးတယ်။ သစ်တောတွေရှိမှသာ မြေအောက်ရေရှိနိုင်မယ်။

ဒီလိုအသုံးဝင်တဲ့သစ်တောတွေကအခုဆိုရင် ကမ္ဘာနဲ့အဝှမ်းမှာ နေစဉ်နဲ့အမျှ ပရောဂအမျိုးမျိုကြောင့် ပြုန်းတီးပျက်ဆီးနေရတယ်။ တောင်အမေရိကတိုက်မှာရှိတဲ့ အမေဇုန် သစ်တောမှာတင် တစ်နာရီကို ၅၄ ဟက်တာ နှုန်းနဲ့ပျက်စီးနေတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂက ဆိုတယ်။ ဒါအမေဇုန်သစ်တော်ပဲရှိသေးတယ်။ အခြားကမ္ဘာနေရာအနှံ့အပြားမှာရှိတဲ့ သစ်တောတွေဟာလည်း သစ်အလွန်အကျွံခုတ်မှု၊ တိုးချဲ့စိုက်ပျိုးမြေများကြောင့် ခုတ်ထွင်ရှင်းလင်းမှု၊ လမ်း၊ သံတား ဆောက်လုပ်မှုများ၊ ရေကာတာ တည်ဆောက်မှု၊ တောမီးလောင်မှု၊ စတဲ့ ပယောဂအမျိုးမျိုးကြောင့် ပျက်စီးနေရတယ်။ ဆိုးဝါးသောရာသီဥတုအမျိုးမျိုးနဲ့ လက်တွေ့ကြုံတွေ့နေကြရတယ်။ ခုတ်ထွင်ရှင်းလင်းခံရလို့ သုဿန် တစပြင်လို့ ကျေးငှက်အော်သံ၊ မျောက်အော်သံ၊ တိရိစ္ဆာန်တွေ မြူးတူးတဲ့ အသံတွေမကြားရတဲ့ မြေကွက်လပ်တွေကို စိမ်းလန်းတဲ့ သစ်တောတွေကို အာသာပြင်းပြင်းနဲ့ ရေငတ်သူရေတောင်းသလိုတောင်းဆိုနေကြပြီ။ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ အဆုတ်ကို အချိန်မှီ ကုစားဘို့ ဆေးကောင်းကောင်းနဲ့၊ ဆရာဝန်ကောင်းကောင်းလိုအပ်နေပြီ။ သစ်တောပြုန်းတီးမှု Deforestation နေရာမှာ၊ ပြန်လည်စိုက်ပျိုးမှု Reforestation ဆိုတာ အစားထိုးဖို့ အခုပဲစမှရတော့မယ်။ အချိန်ဆွဲတာနဲ့အမျှ ငါတို့မ္ဘာကြီးရဲ့အနာဂါတ်က မတွေးဝံ့စရာပဲ။

ဘိုကလေးသား

Tuesday, February 16, 2010

National Geographic ၏ Fabruary လ အကောင်းဆုံးဓါတ်ပုံ



Goat, North India
Photograph by Svetlana Eremina
National Geographic ၏ Fabruary လ အကောင်းဆုံးဓါတ်ပုံ

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ဆောင်းဦးရာသီ အအေးဓါဏ်ကြောင့် လူများမ၀တ်ဆင်တော့သည့် အ၀တ်ဟောင်း ကို ဆိတ်အား ၀တ်ဆင်ပေးထားပုံ

Wednesday, January 6, 2010

နှစ်ပေါင်း၅၀အတွင်း အဆုံးဝါးဆုံးရာသီဥတု အအေးဒါဏ်ကို တရုတ်နိုင်ငံရင်ဆိုင်နေရ

နှစ်ပေါင်း၅၀အတွင်း အဆုံးဝါးဆုံးရာသီဥတု အအေးဒါဏ်ကို တရုတ်နိုင်ငံရင်ဆိုင်နေရ


တရုတ်နိုင်ငံ မြောက်ပိုင်းတွင် ယခု ရက်ပိုင်းအ တွင်း၌ ရာစုနှစ်နှစ်ဝက်အတွင်း အဆုံးဝါးဆုံး နှင်းကျဆင်းမှုကြောင့် အအေးဆုံးဆောင်း ရာသီကို ကြုံတွေ့ ခံစားနေရကြောင်းသိရ သည်။ ယင်းကဲ့သို့ အလွန်အမင်း နှင်းကျဆင်း မှုကြောင့် လမ်းများ၊ လေဆိပ်များတွင် ခရီးသည် ထောင်ပေါင်းများစွာ ခရိးမဆက်နိုင်ပဲ သောင်တင်ကုန်ကြပြီး ကသောင်းကနင်းဖြစ်ကုန်ကြသည်။ စီးပွားရေ ဗဟိုချက်မဖြစ်သော ပေကျင်းလေဆိပ်တွင် လေယာဉ်ခရီးစဉ်ပေါင်း ၉၀ ရာခိုင်နှုန်းကျော်ကို ပယ်ဖျက်ပြစ်ခဲ့ရသည်။ ပေကျင်းနှင့် ဆက်သွယ်ထားသော အဝေးပြေးလမ်းမှာလည်း နှင်းများထူထပ်စွာ ကျဆင်းနေသောကြောင့် ပိတ်ထားရခြင်း သို့မဟုတ် ကန့်သတ်ထားခြင်းများ လုပ်ဆောင်ထားရကြောင်း တရုတ်သတင်းမီဒီယာများတွင် ဖော်ပြထား သည်။ အထူးသဖြင့် ဆက်သွယ်ရေးစနစ်နှင့် လျှပ်စစ်ဓါတ်အားလိုင်း ထောက်ပံ့နေမှုများ အခက်အခဲကြုံတွေ့ ခဲ့ရသည်။ နိုင်ငံအရှေ့ပိုင်းနှင့် အလယ်ပိုင်းတွင် လောင်စာထောက်ပံ့ပို့ဆောင်မှု အခက်အခဲများကြောင့် ကျောက်မီးသွေးစွမ်းအင်သုံး စက်ရုံများတွင် လောင်စာလိုအပ်ချက် လျော့ကျခဲ့သည်။ တရုတ်နိုင်ငံသည် နိုင်ငံစွမ်းအင် လိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းကျော်ကို ကျောက်မီးသွေးစွမ်းအင်မှ ရရှိနေခြင်းဖြစ်သည်။

မြို့တော် ပေကျင်းတွင် အပူချိန်မှာ သုည ဒီဂရီအောက် ၁၆ ဒီဂရီ (၃.၂ ဒီဂရီဖာရင်ဟိုက်) ထိကျဆင်းခဲ့ရာ ထောင်ပေါင်းများစွာသော မူလတန်းကျောင်းများ၊ အထကတန်းကျောင်းများကို ပိတ်ထားရသည်။ တရုတ်အာဏာပိုင်များက ပေကျင်းနှင့် တီယံကျင်း မြို့များမှ မူလတန်းကျောင်းပေါင်း ၃၅၀၀ ကျော်ကို ပိတ်လိုက်ကြောင်းကြေငြာလိုက်သဖြင့် ကျောင်းသား/သူ ၂.၂ သန်းအား ရိုက်ခက်စေခဲ့သည်။


တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်က လူအများအတွက် အစားအစာ၊ လယ်ယာစိုက်ပျိုးရေးကုန်များနှင့် ဆက်သွယ်ရေးစနစ်များ အဆင်ပြေစေရန်အတွက် လုပ်ဆောင်ပေးရန် ဒေသအာဏာပိုင်အသီးသီးကို တောင်းဆိုထားသည်။

တရုတ်နိုင်ငံ မိုးလေ၀သဌာန၏ ကြေငြာချက်အရ နှစ်သစ်အစောပိုင်းရက်များတွင် ရာသီဥတု ပြင်းထန်မှုမှာ အ၀ါရောင်သတိပေးချက် (ဒုတိယ အပြင်းဆုံးအဆင့်) ထိရှိနေအုံးမည်ဟု ဖော်ပြသည်။ နှင်းကျမှုမှာ ချုံကင်း ခရိုင်၊ ဂရိတ်ဝေါ တံတိုင်းကြီးအနီးတွင် ၂၀ စင်တီမီတာ အထိစံချိန်တင်ကျဆင်းခဲ့သည်။ တရုတ်နိုင်ငံ အလယ် ပိုင်း၊ အနောက်တိုင်း၊ မွန်ဂိုလီးယား အတွင်းပိုင်း၊ အရှေ့ပိုင်းဒေသအချို့နှင့် မြောက်ပိုင်း ကွမ်ကျိုးနှင့် ချုံကင်းတို့တွင် အပူချိန် သုညအောက် ၈ မှ ၁၂ လောက်အထိ ကျဆင်းနိုင်သည်ဟု မိုးလေ၀သ ဌာနက ဆက်လက်ဖော်ပြသည်။ သို့သော် အာဏာပိုင်များက အအေးဒါဏ်ကြောင့် လူဘယ်နှစ်ဦး သေဆုံးသည်ကိုမှု မကြေငြာသေးပေ။

ယခုအခါ ပေကျင်းအစိုးရသည် လူပေါင်း သုံးသောင်းကျော်ကို စုစည်း၍ နှင်းများရှင်းလင်းရန် လုပ်ဆောင် လျှက်ရှိသည်။

Ref; China Daily, Bloom berg
Heavy snow causes chaos in China

မိုးတိမ်

Monday, January 4, 2010

National Geographic ၏ August လ အကောင်းဆုံးဓါတ်ပုံ


photo of the Day: Best of August 2009
သစ်ပင်များပေါ်တွင် နေထိုင်တတ်သော ကျူးဘားဖားတစ်ကောင်ကို ဖလော်ရီဒါတွင် တွေ့ရစဉ်

National Geographic ၏ ၂၀၀၉၊ စက်တင်ဘာလ အကောင်းဆုံးဓါတ်ပုံ



၂၀၀၉၊ စက်တင်ဘာ
ပင်လယ်တွင်ရက်ပေါင်းများစွာ ကြပြီးနောက် ကမ်းခြေဆီသို့ သွားရောက်နေသော ပင်ဂွင်းများ

ကမ္ဘာကြီးပူနွေးလာမှုကို လျော့ချနိုင်သော နည်းလမ်းအချို့(Ways to avoid Global Warming)

ကမ္ဘာကြီးပူနွေးလာမှုကို လျော့ချနိုင်သော နည်းလမ်းအချို့(Ways to avoid Global Warming)

ကမ္ဘာကြီးပူနွေးလာမှုသည် ယနေ့အချိန်တွင် ပြဿနာတစ်ရပ်ဖြစ်လာသည့် အလျောက် လူတိုင်းအပေါ် သက်ရောက်မှုရှိလာသည်။ သို့သော် ကျွန်ုပ်တို့အတူတကွ ပူးပေါင်းလုပ်ဆောင်ကြလျှင် အနာဂါတ်တွင် ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာရပ်များကို ကြိုတင်ကာကွယ်မှု ပြုလုပ်နိုင်မည့်အပြင် ရိုက်ခက်လာမည့် အကျိုးဆက်များကိုလည်း လျော့ကျသွားအောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ဘယ်လိုလုပ်ဆောင်ကြမလဲ? ကာဗွန်ဒိုင်အောက်ဆိုဒ်ကဲ့သို့သော ဓါတ်ငွေ့များ ထုတ်လွတ်နေမှုကို ကျွန်ုပ်တို့ လျော့ချရန် လိုအပ်သည်။ အောက်ဖော်ပြပါ နမူနာ အကြံဥာဏ်များကို လိုက်နာခြင်းဖြင့် သင်သည် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွတ်မှုကို လျော့ချနိုင်ရုံသာမက ငွေကိုလည်းချွေတာရာလည်း ရောက်ပါသည်။


  • ကွန်ပြူတာအသုံးမပြုသည့် အချိန်တွင် Power ပိတ်ထားပါ
  • တီဗွီ မကြည့်သည့် အချိန်တွင် Power ပိတ်ထားပါ
  • အခန်းတွင်း မည်သူတစ်ဦးတစ်ယောက်မျှမရှိပါက ပန်ကာ၊ ကက်ဆက်၊ အဲယားကွန်း၊ မီချောင်း၊ မီးလုံး၊ များကို ပိတ်ထားပါ
  • တတ်နိုင်သလောက် သဘာဝအလင်းရောင်ကို သာအသုံးပြုပါ
  • အဆင်သင့်စားသုံးနိုင်သော အစားအစာများ(ဥပမာ။ ။ခေါက်ဆွဲခြောက်ထုပ်၊ အာလူးကြော်ထုပ်) ကို စားသုံးခြင်းထက် လွယ်ကူရိုးရှင်းသာ ရိုးရာအစားအစား(ကောက်ညှင်းပေါင်း၊ မုန့်ဟင်းခါး) များကို စားသုံးပါ
  • သင်ဈေးဝယ်ထွက်သည့်အခါ ပစ္စည်းတစ်ခုချင်းကို ထုတ်ပိုးမည့်အစား အားလုံးကို စုပေါင်းပြီး အိတ်တစ် တည်းဖြင့် ထုတ်ပိုးပါ။ ထိုသို့ထုတ်ပိုးခြင်းဖြင့် ပလတ်စတစ် အသုံးပြုမှုကို လျော့ချရာရောက်ပါသည်။
  • သင်နေ့စဉ် ပုံမှန်သွားလာနေရာတွင် ကိုယ်ပိုင်ကား၊ အငှားကားများကို မဖြစ်မနေအသုံးပြုရ မည်ဆိုမှသာ အသုံးပြုပါ။ ခရီးနီးလျှင် စက်ဘီး၊ လမ်းလျှောက်သွား၍ ခရီးဝေးပါက အများသုံး ယဉ်၊ ရထား ကို အသုံးပြုပါ။
  • လျှပ်စစ်မီးသီးများကို အသုံးပြုမည့်အစား LED မီးသီးများ၊ စွမ်းအင်အနည်းငယ်သာ အသုံးပြုသော မီးချောင်း များကိုသာ အသုံးပြုပါ
  • ဆပ်ပြာတိုက်နေစဉ်အတွင်း ရေပန်းကို ဖွင့်မထားပါနှင့်၊ ရေခွက်နှင့် ရေချိုးမည့်အစားရေပန်းနှင့်ရေချိုးပါ။
မိုးတိမ်၊ ဘိုကလေးသား

Sunday, January 3, 2010

၂၀၁၀ ပြည့်နှစ်ကို (Year of Biodiversity) ဟုသတ်မှတ်

၂၀၁၀ ပြည့်နှစ်ကို (Year of Biodiversity) ဟုသတ်မှတ်

၂၀၁၀ ပြည့်နှစ်ကို (Year of Biodiversity) ဟုသတ်မှတ်လိုက်ကြောင်း သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ နိုင်ငံတကာ သမဂ္ဂအဖွဲ့ (IUCN) က ကြေငြာလိုက်သည်။


၂၀၁၀ ပြည့်နှစ် တစ်နှစ်ပါတ်လုံး မျိုးသုန်းလုနီး အန္တာရယ် ကြုံတွေ့နေရသော ၀န်ရိုးစွန်းဝက်ဝံများမှ စ၍ ကြီးမားသော ကုန်းနေ၊ ရေနေ သတ္တ၀ါများ၊ ကြီးမားသော ဝေလငါးဖြူများ နှင့် ကျူးဘား မိချောင်းမျိုးများမှာ အင်တာနက် သတင်းများတွင် နေရာယူနေမည်ဟု (IUCN) အဖွဲ့က ဆိုသည်။ ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ခုနှစ်အတွင်း မျိုးသုန်းပျောက်ကွယ်ရန် အဖြစ်နိုင်ဆုံး တိရိစ္ဆာန် ၃၆၅ မျိုး၊ ငှက်များ နှင့် အပင်များကို နေစဉ် ထုတ်ပြန်ဖော်ပြ သွားမည် ဟုဆိုသည်။

သိပ္ပံဆိုင်ရာအထောက်အထားတွေရဲ့ ဖော်ပြချက်အရ ဇီဝမျိုးစိတ်တွေ မျိုးသုန်းမဲ့ အရေးက တကယ့်သေရေးရှင် ရေး ပြဿနာဖြစ်လာပါပြီ။ လက်ရှိ ပညာရှင်တွေ ရှာဖွေတွေရှိထားတဲ့ မျိုးစိတ် ၁.၈ သန်း ထဲက သုံးပုံတစ်ပုံလောက်ဟာ ခြိမ်းခြောက်ခံနေရတယ်

ဟု ဆွစ်(စ်) အခြေစိုက် ဇီဝမျိုးကွဲ ပညာရှင် ဂျိမ်းစမတ် မှ ပြောကြားသည်။ ကျွမ်းကျင်ပညာရှင်များ၏ အဆိုအရ သိပ္ပံအမည် မသတ်မှတ်ရသေးသော မျိုးစိတ် စုစုပေါင်းမှာ ခြောက်သန်းမှ ခုနှစ်သန်းကြား ရှိနေနိုင် သည်ဟု ယုံကြည်ထားကြသည်။

Ref: Reuters; Endangered species to get daily web spot in 2010

မိုးတိမ်

ကမ္ဘာ့တတိယအကြီးဆုံး လေအားလျှပ်စစ် ထုတ်ယူသုံးစွဲသည့် နိုင်ငံဖြစ်လာရန် တရုတ်ကြိုးပမ်း

ကမ္ဘာ့တတိယအကြီးဆုံး လေအားလျှပ်စစ် ထုတ်ယူသုံးစွဲသည့် နိုင်ငံဖြစ်လာရန် တရုတ်ကြိုးပမ်း


ကမ္ဘာ့ ဖန်လုံအိမ်ဓါတ်ငွေ့အများဆုံးထုတ်လွှတ်သူ တရုတ်က၂၀၀၉ ခုနှစ်တွင် လေစွမ်းအင်မှ လျှပ်စစ် ထုတ်ယူမှု၌ ကမ္ဘာ့တတိယအကြီးဆုံး ဖြစ်လာရန် မျှော်မှန်းလုပ်ဆောင်လျှက်ရှိကြောင်း တရုတ်နိုင်ငံပိုင် သတင်းမီဒီယာ စင်ဟွာက ဖော်ပြခဲ့သည်။ အာရှ၏ စီးပွားရေးအင်အားကြီး တရုတ်နိုင်ငံသည် နိုင်ငံ၏စွမ်းအင် လိုအပ်ချက်အတွက် နည်းလမ်းအမျိုးမျိုး ရှာဖွေလျှက်ရှိရာ ၂၀၀၉ ခုနှစ်တွင် လေစွမ်းအင် မှ လျှပ်စစ် ထုတ်ယူသုံးစွဲမှု ၂၀ ဂစ်ဂါဝပ်(စ်) ရှိလာမည်ဟု နိုင်ငံအမျိုးသားစွမ်းအင် အုပ်ချုပ်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှုး ရှီလီရှန်း(Shi Lishan) က စင်ဟွာ သတင်းဌာနသို့ ပြောကြားသည်။

ယခုကဲ့သို့ လေစွမ်းအင် ထုတ်ယူသုံးစွဲမှု မြင့်တက်လာခြင်းသည် ယခင် ကမ္ဘာ့တတိယ အကြီးဆုံး လေစွမ်းအင် ထုတ်ယူသုံးစွဲသည့် စပိန်နိုင်ငံကို ကျော်တက်သွားမည်ဟု ရှီ ကဆက်လက်ပြောကြားသည်။ လက်ရှိ လေအားမှ စွမ်းအင်ထုတ်ယူနေမှုတွင် အမေရိကန်က ၂၀၀၈ ခုနှစ်အတွင်း စွမ်းထုတ်လုပ်မှု ၂၅.၂ ဂစ်ဂါဝပ်ဖြင့် ကမ္ဘာ့နံပါတ်တစ်အဖြစ် ရပ်တည်နေပြီး ကမ္ဘာ့လေအားလျှပ်စစ်စွမ်းအင် သုံးစွဲမှု စုစုပေါင်း၏ ၂၀.၈ ရာခိုင်နှုန်းရှိသည်။ ယင်းနောက်တွင် ဂျာမနီနှင့် စပိန်နိုင်ငံတို့က သုံးစွဲမှုအများဆုံး အသီးသီး ရပ်တည်နေကြသည်။ ၂၀၀၈ အဆုံးပိုင်းက စပိန်သည် လေစွမ်းအင်မှ လျှပ်စစ် ၁၆.၈ ဂစ်ဂါဝပ် ထုတ်ယူသုံးစွဲ ခဲ့သည်။ ယင်းနှစ်တွင် တရုတ်နိုင်ငံက ၁၂.၂ ဂစ်ဂါဝပ် ထုတ်ယူသုံးစွဲခဲ့သည်။

ကျောက်မီးသွေးမှ စွမ်းအင်ထုတ်ယူသုံးစွဲမှုအပေါ် အလွန်အမင်းမှီခိုနေရသော တရုတ်နိုင်ငံသည် ကမ္ဘာကြီးပူ နွေးမှုကို ဖြစ်ပေါ်စေသော ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုတွင် ကမ္ဘာ့အများဆုံး ဖြစ်သဖြင့် ပြစ်တင်ဝေဖန်ခံ နေရသည်။ နိုင်ငံစွမ်းအင်စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်ကို ကျောက်မီးသွေးမှ ရသောစွမ်းအင်မှ အသုံးပြုနေရသည်။ နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် လေ၊ ရေ တို့မှ နိုင်ငံစွမ်းအင်စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်း ထုတ်ယူသုံးစွဲသွားရန် မျှော်မှန်းထားသည်။

Ref: AFP (China to be 3rd biggest wind power producer; media)

မိုးတိမ်

၅ နှစ်မှ ၇ နှစ်အတွင်း ၀န်ရိုးစွန်းရေခဲများ ပျောက်ကွယ်သွားနိုင် ဟု အယ်ဂိုး(လ်) ပြောကြား

၅ နှစ်မှ ၇ နှစ်အတွင်း ၀န်ရိုးစွန်းရေခဲများ ပျောက်ကွယ်သွားနိုင် ဟု အယ်ဂိုး(လ်) ပြောကြား


ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဂုရုကြီး အယ်ဂိုး(လ်) က ၀န်ရိုးစွန်းဒေသရှိ ရေခဲများသည် လာမည့် ၅ နှစ်မှ ၇ နှစ် အတွင်း ကွယ်ပျောက်သွားနိုင်ကြောင်း ကွန်ပြူတာအချက်အလက် တွက်ချက်မှုများကို ကိုးကား၍ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် မြို့တွင် ဒီဇင်ဘာ ၇ ရက်မှ ၁၈ ရက်ထိ ပြုလုပ်ခဲ့သော ကုလသမဂ္ဂ ရာသီဥတု ဆိုင်ရာညီလာခံတွင် ပြောကြားခဲ့သည်။


အယ်ဂိုး(လ်)၏ ခန့်မှန်းချက်အသစ်မှာ အလွန်ကြောက်စရာ ကောင်းကြောင်း အမေရိကန် အစိုးရ သိပ္ပံပညာရှင် တစ်ဦးက ပြောကြားခဲ့သော်လည်း အခြား သုသေတန ပညာရှင်များက ၀န်ရိုးစွန်းရေခဲများမှာ ၂၀၃၀ ခုနှစ် ထက်မစောပဲ လျှင်လျှင်မြန်မြန် ပျောက်ကွယ်မသွားနိုင်ဟု အစောပိုင်းက ခန့်မှန်းပြောကြားထားကြသည်။ နှစ်ပါတ်ကြာ ကျင်းပသော ကိုပင်ဟေဂင် ရာသီဥတု ဆိုင်ရာ ညီလာခံသို့ ကမ္ဘာ့ခေါင်းဆောင် အများအပြား အပါအ၀င် သိပ္ပံပညာရှင်များ သဘာဝပတ်ဝန်းကျင် ပညာရှင်များ စုံစုံလင်လင်တက်ရောက်ခဲ့ကြသည်။

အယ်ဂိုး(လ်)နှင့်အတူ စကင်ဒီနေဗီးယန်း အရာရှိများ နှင့် သိပ္ပံပညာရှင်များသည် ညီလာခံသို့ အတူတကွ တက်ရောက်လာကြပြီး အာတိတ်ဒေသရှိ ရေခဲပြင်များ လျှင်မြန်စွာအရည်ပျော်နေမှု၊ Green Land ရေခဲပြင်များ အရည်ပျော်နေမှုနှင့် အာတိတ်ဒေသရှိ ကျန်ရေခဲပြင်များ အကြောင်းလေ့လာထားသော အစီအရင် ခံစာသစ်နှစ်ခုကို ပြသခဲ့ကြသည်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာ လတွင် ထွက်ပေါ်လာသော လေ့လာတွေ့ရှိချက်အရ အာတိတ်ရေခဲပြင်မှာ ၄.၃ သန်း စတုရန်းကီလိုမီတာအထိ တဖြည်းဖြည်း ကျုံ့သွားကြောင်း ဖော်ပြထားသည်။ သို့သော် ရေခဲများအရည် ပျော်မှုမှာ ၂၀၀၈ နှင့် ၂၀၀၉ များတွင် သိပ်မများခဲ့သော်လည်း ဒုတိယ နှင့် တတိယ အများဆုံး စံချိန်တင် လျော့ကျမှု့ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် ရာစုနှစ်အတွင်း ပျမ်းမျှ ကမ္ဘာ့အပူချိန်သည် ၀.၇၄ ဒီဂရီ ဆဲ(လ်)စီးယပ် (၁.၃ ဒီဂရီ ဖာရင်ဟိုက်) တိုးခဲ့ပြီး အာတိတ်ဒေသတွင် အပူချိန် နှစ်ဆ လျှင်မြန်စွာ တိုးလာခဲ့သည်။

အမေရိကန်အမျိုးသား သမုဒ္ဒရာ နှင့် လေထု ဆိုင်ရာ အဖွဲ့၏ အဆိုအရ အာတိတ်ဒေသ သည်လာမည့် နှစ်ပေါင်း သုံးဆယ်အတွင်း ရေခဲကင်းစင်သော ဒေသဖြစ်လာမည်ဟု ၂၀၀၈၊ အေပြီ လက ခန့်မှန်းထားခဲ့ သည်။

အခုအချိန်က ရာသီဥတိုပြောင်းလဲမှုအပေါ် ချက်ချင်း တုန့်ပြန်ဖို့အချိန် တန်ပြီ ဟု ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး ပါစတင်မိုလာ က ညီလာခံတွင် ပြောကြားခဲ့သည်။ နိုင်ငံပေါင်း ၁၉၂ နှစ်နိုင်ငံမှာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော ကိုပင်ဟေဂင် ညီလာခံမှာ ရာသီဥတု အရေး အဓိက ပြဿနာများ ဖြေရှင်းရာတွင် ခေါင်းဆောင်များကြား တစ်စုံတစ်ရာ တိကျသော အဖြေမရရှိခဲ့ပဲ အငြင်းပွားမှုများဖြင့် အဆုံးသတ်ခဲ့သည်။

Ref; Gore: Polar ice may vanish in 5-7 years

မိုးတိမ်

Saturday, January 2, 2010

ရေအရင်းအမြစ်

ရေအရင်းအမြစ်

ကမ္ဘာပေါ်တွင် သဘာဝအရင်းအမြစ်များစွာရှိသည့်အနက် ရေအရင်းအမြစ်သည် အရေးအပါဆုံး အရင်းအမြစ်ဖြစ်သလို အပေါ်များဆုံးအရင်းအမြစ်လည်း ဖြစ်သည်။ ရေသည် ပြန်လည်ပြည့်ဖြိုးနိုင်သော သဘာဝအရင်းအမြစ် ဖြစ်သည်။ ကမ္ဘာကြီး၏ သုံးပုံနှစ်ပုံ ကို ရေထုကဖုံးလွှမ်းထားသည်။ ကမ္ဘာ့ရေထုပမာဏ အနီးစပ်ဆုံးခန့်မှန်းချက် မှာ 1,360,000,000 km3 (326,000,000 mi3) ဖြစ်သည်။ထိုပမာဏ၏ ၉၇ ရာခိုင်နှုန်း မှာ ရေငန်ဖြစ်ပြီး ကျန် ၃ ရာခိုင်နှုန်း သာ ရေချိုဖြစ်သည်။ ထိုရေချို ၃ ရာခိုင်နှုန်း ၏ သုံးပုံနှစ်ပုံမှာ ရေခဲပြင်များ နှင့် ရေခဲမြစ်များတွင်ရှိပြီး ကျန်တစ်ပုံမှာ မြစ်၊ ချောင်း၊ အင်း၊ အိုင် နှင့် မြေအောက် တွင် တွေ့ရသည်။

Ref; Wikipedia

ဘိုကလေးသား




Share

Twitter Delicious Facebook Digg Stumbleupon Favorites More