မြို့တော် ပေကျင်းတွင် အပူချိန်မှာ သုည ဒီဂရီအောက် ၁၆ ဒီဂရီ (၃.၂ ဒီဂရီဖာရင်ဟိုက်) ထိကျဆင်းခဲ့ရာ ထောင်ပေါင်းများစွာသော မူလတန်းကျောင်းများ၊ အထကတန်းကျောင်းများကို ပိတ်ထားရသည်။ တရုတ်အာဏာပိုင်များက ပေကျင်းနှင့် တီယံကျင်း မြို့များမှ မူလတန်းကျောင်းပေါင်း ၃၅၀၀ ကျော်ကို ပိတ်လိုက်ကြောင်းကြေငြာလိုက်သဖြင့် ကျောင်းသား/သူ ၂.၂ သန်းအား ရိုက်ခက်စေခဲ့သည်။

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်က လူအများအတွက် အစားအစာ၊ လယ်ယာစိုက်ပျိုးရေးကုန်များနှင့် ဆက်သွယ်ရေးစနစ်များ အဆင်ပြေစေရန်အတွက် လုပ်ဆောင်ပေးရန် ဒေသအာဏာပိုင်အသီးသီးကို တောင်းဆိုထားသည်။
တရုတ်နိုင်ငံ မိုးလေ၀သဌာန၏ ကြေငြာချက်အရ နှစ်သစ်အစောပိုင်းရက်များတွင် ရာသီဥတု ပြင်းထန်မှုမှာ အ၀ါရောင်သတိပေးချက် (ဒုတိယ အပြင်းဆုံးအဆင့်) ထိရှိနေအုံးမည်ဟု ဖော်ပြသည်။ နှင်းကျမှုမှာ ချုံကင်း ခရိုင်၊ ဂရိတ်ဝေါ တံတိုင်းကြီးအနီးတွင် ၂၀ စင်တီမီတာ အထိစံချိန်တင်ကျဆင်းခဲ့သည်။ တရုတ်နိုင်ငံ အလယ် ပိုင်း၊ အနောက်တိုင်း၊ မွန်ဂိုလီးယား အတွင်းပိုင်း၊ အရှေ့ပိုင်းဒေသအချို့နှင့် မြောက်ပိုင်း ကွမ်ကျိုးနှင့် ချုံကင်းတို့တွင် အပူချိန် သုညအောက် ၈ မှ ၁၂ လောက်အထိ ကျဆင်းနိုင်သည်ဟု မိုးလေ၀သ ဌာနက ဆက်လက်ဖော်ပြသည်။ သို့သော် အာဏာပိုင်များက အအေးဒါဏ်ကြောင့် လူဘယ်နှစ်ဦး သေဆုံးသည်ကိုမှု မကြေငြာသေးပေ။
ယခုအခါ ပေကျင်းအစိုးရသည် လူပေါင်း သုံးသောင်းကျော်ကို စုစည်း၍ နှင်းများရှင်းလင်းရန် လုပ်ဆောင် လျှက်ရှိသည်။
Ref; China Daily, Bloom berg
Heavy snow causes chaos in China
မိုးတိမ်















