Globalization Vs Environment

World is tiny by globalization process. Environmental degradation is huge by globalization process. Use the technology to conserve our Home.

Development Vs Environment

သဘာဝပတ်ဝန်းကျင်အရည်အသွေးနဲ့ စီးပွားရေးဖွဲ့ဖြိုးမှုကြားမှာ အငြင်းပွားစရာရှိလာခဲ့ရင် ကျုပ်ကတော့ လှပတဲ့ရှုခင်း၊ သန့်စင်တဲ့လေ၊ ကြည်လင်တဲ့ရေကို ရွေးမယ်ဗျာ။ Jimmy Carter

Posterity Vs Environment

ကောင်းမြတ်ခြင်းသီလရှိတဲ့ လူ့အဖွဲ့အစည်းရဲ့ အကြွမ်းမဲ့စမ်းသပ်ချက်က ကလေးသူငယ်တွေအတွက် ဘယ်လိုလောကအသိုက်အမြုံ ချန်ထားပေးခဲ့သလဲဆိုတာပဲ ဖြစ်တယ်။ Dietrich Bonhoeffer

Ethic Vs Environment

အနာဂါတ်ကို ကျုပ်တို့မခန့်မှန်းကြဘူး။ ဒါပေမဲ့ရွေးချယ်စရာတွေ ပိုချန်ပေးထားကြရင် မကောင်းဘူးလားဗျာ။ ဒါမှ ဘယ်လိုစိန်ခေါ်မှုတွေပဲလာလာ ကျုပ်တို့ပိုပြီး အဆင်သင့်ဖြစ်ကြမှာ။ Planet Earth

Conservation Vs Environment

အဆုံးမှတော့ ကျုပ်တို့မြတ်နိုးတာတွေကိုပဲ ကျုပ်တို့ ထိန်းသိမ်းကြမှာ။ ကျုပ်တို့နားလည်တာတွေကိုပဲ မြတ်နိုးကြမှာ။ လေ့လာသင်ကြားပါမှလည်း နားလည်သိမြင်လာကြမှာပါ။ Baba Diorm

Tuesday, September 20, 2011

အော်ဂဲနစ် (organic) ဆိုတာဘာလဲ?

အော်ဂဲနစ် (organic) ဆိုတာဘာလဲ?

သဘာဝပတ်ဝန်းကျင်အကြောင်း စတင်လေ့လာပြီဆိုရင် အော်ဂဲနစ် (organic) ဆိုတဲ့ အသုံအနှုန်းဟာ သိထားသင့် တဲ့ အသုံးအနှုန်းပဲဖြစ်ပါတယ်။ အော်ဂဲနစ်ကို အော်ဂဲနစ်လို့ပဲ မြန်မာပြန်လိုက်ပါတယ်။ အလွယ်ကူဆုံးပြောမယ် ဆိုရင်တော့ ပကတိသဘာဝအတိုင်း (ဓါတုပစ္စည်းလုံးဝမပါ၊ မျိုးယိုးဗီဇ ပြောင်းလဲခြင်းမပြု၊ ပဋိဇိဝဆေးမသုံး စတာ တွေ.....) လို့ပဲ သိထားရင် အဆင်ပြေနိုင်ပါတယ်။ အော်ဂဲနစ်နဲ့ တွဲပြီးတွေ့နိုင်တဲ့ စာလုံးအတွဲ တွေကတော့ အော်ဂဲနစ် ပစ္စည်း (organic matter, organic material, organic compound)၊ အော်ဂဲနစ် ထုတ်ကုန် (organic product)၊ အော်ဂဲနစ် စိုက်ပျိုးရေး(၀ါ) သဘာဝ အတိုင်း စိုက်ပျိုးရေး (organic farming)၊ အော်ဂဲနစ် စိုက်ပျိုးရေးက ထုတ်လုပ်တဲ့ စားသောက်ကုန်တွေကိုတော့ အော်ဂဲနစ် စားသောက်ကုန် (organic food) တို့ဖြစ်ပါတယ်။ အော်ဂဲနစ်က သဘာဝပတ်ဝန်းကျင်အတွက် ဘာတွေအရေးကြီးလဲ ဆိုတာကို နောက်ထပ်တစ်ပုဒ်ထပ်တင်ပါအုံးမယ်။ အခုတော့ စတင်လေ့လာသူတွေ အတွက်ဆိုတော့ ဒီလောက်နဲ့ပဲ နားပါမယ်။

Monday, September 19, 2011

အသစ်တဖန် မွေးဖွားခြင်း

စကောင်းသော်လည်း အလယ်မကောင်းခြင်း

ဒီဘလော့လေး မလှုပ်မယှက် ငြိပ်သက်နေခဲ့တာ နှစ်နှစ်လောက်ရှိပါပြီ။ အစကောင်းခဲ့ပေမဲ့ အလယ်ရောက်တဲ့ အခါမှာ အကြောင်းအမျိုးမျိုး (အင်တာနက်ကော်နက်ရှင်၊ အင်တာနက်အသုံးပြုခ၊ blogspot ကို ပိတ်ထားခြင်း၊ အလုပ်မအားခြင်း၊ ပျင်းရိခြင်း) အခက်အခဲမျိုးမျိုးကြောင့် ရပ်ဆိုင်းသွားခဲ့ရပါတယ်။ အခုတော့ ဒီမိုကရေစီ အစိုးရသစ် လက်ထက်မှာ ပိတ်ထားတာတွေ(blogspot, Youtube) ပြန်ဖွင့်၊ အင်တာနက် ပြန်သုံးဖို့ အခွင့်အရေးလေးရလာ၊ ဒီအကြောင်းအရာကို လူသိများစေချင်တာ၊ သိဘို့လိုလာတာ၊ အချိန်ပိုနည်းနည်းရှိလာတာ စတာတွေကြောင့် ဒီဘလော့လေးကို ပြန်စဖြစ်ပါတယ်။

တောင်းပန်ခြင်း

တောင်းပန်မယ်ဆိုတဲ့အခါ ဘလော့ရပ်ဆိုင်းသွားတဲ့အတွက် တောင်းပန်ရမှာဖြစ်သလို၊ အခု ပြန်အသက်သွင်းတဲ့အခါ အရင်ကလို နှစ်ယောက် အင်အားနဲ့ မဟုတ်ပဲ တစ်ယောက်တည်း ပြန်ရုန်းရမှာပါ။ ဒီအတွက် ပို့စ်များ မှန်မှန်မတင်ဖြစ်တာ၊ အနည်းငယ် နှောင့်နှေး ကြန့်ကြာတာရှိရင် ကြိုတင်လို့ တောင်းပန်ပါရစေ။

ကဏ္ဍသစ်များ

အရင် ကဏ္ဍဟောင်းတွေဖြစ်တဲ့ ပတ်ဝန်းကျင်လေ့လာသူ၊ သတင်း၊ ဆောင်းပါ၊ ဓါတ်ပုံသတင်း တွေအပြင် နောက်ထပ် ကဏ္ဍသစ် နှစ်ခုထပ်ထည့်မယ်လို့ အကြမ်းစဉ်းစားထားတာရှိပါတယ်။ အစိမ်းရောင် စာအုပ်စဉ် (စာအုပ်ကဏ္ဍ၊ စာအုပ်အညွှန်း)၊ အစိမ်းရောင် ကဗျာကဏ္ဍ၊ တို့ဖြစ်ပါတယ်။ အစိမ်းရောင် စာအုပ်စဉ်မှာတော့ သဘာဝပတ်ဝန်းကျင်အကြောင်း ကိုယ်တိုင်လေ့လာချင် သူများအတွက် ရည်ရွယ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပက်သက်တဲ့ စာအုပ်တွေကို အတက်နိုင်ဆုံး စုံလင်အောင် ဖော်ပြပေးမှာပါ၊ အစိမ်းရောင် ကဗျာ ကဏ္ဍကတော့ သိပ်ထွေထွေထူးထူးရှင်းပြဖို့လိုမယ်မထင်ပါဘူး။ ကိုယ်ရေးတဲ့ကဗျာပါသလို့၊ မဂ္ဂဇင်းတွေက ကဗျာတွေ ကို အလျှင်းသင့်သလို ဖော်ပြပေးသွားမှာပါ။

နောက်ခံသမိုင်း

ဒီဘလော့လေးစလုပ်တော့ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ကပါ။ သူငယ်ချင်း မိုးတိမ် နဲ့အတူတူ လုပ်ခဲ့ကြပါတယ်။ သူငယ်ချင်းက ဘာသာပြန် သတင်း၊ ဆောင်းပါး တွေရေး၊ ကျွန်တော် (ဘိုကလေးသား) က သဘာဝပတ်ဝန်းကျင် စတင်လေ့လာသူတွေအတွက် ပတ်ဝန်းကျင် လာသူ ဆိုတဲ့ကဏ္ဍမှာသဘာဝပတ်ဝန်းကျင်နဲ့သက်ဆိုင်တဲ့အခြေခံသိမှတ်ဖွယ်ရာတွေကို ရေးပါတယ်။ နှစ်ယောက်အတူပေါင်းရေးတာတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးတင်ဖြစ်လိုက်တဲ့ ပိုစ့် (ဇူလိုင်၊ ၂၀၁၀) နောက်ပိုင်းမှာတော့ (အပေါ်မှာပြောခဲ့တဲ့အကြောင်းတွေကြောင့်) လုံးဝရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒီနှစ်နှစ်အတွင်း သူငယ်ချင်းမိုးတိမ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သက်ဆိုင်တဲ့ အလုပ်တွေ တောက်လျှောက်လုပ်ခဲ့သလို၊ အခုလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးသင်တန်းတစ်ခု ထိုင်းနိုင်ငံမှာ သွားတတ်နေပါပြီ။ ကျွန်တော်ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပညာပေးရေး လုပ်ငန်းတွေကို ဆက်တိုက်လုပ်ဖြစ်သလို၊ တဖက်မှာလည်း NGO တစ်ခုက ဖွင့်တဲ့ သင်တန်းနှစ်ခုမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘာသာရပ်ကို ပြန်လည်သင်ကြားနေပါတယ်။ ဒါကြောင့် ဒီနှစ်နှစ် အတွင်း ဖြည့်တင်းထားတဲ့ ၀မ်းစာတွေကို အခုစုပုံရေးသားတော့မှာပါ။ ရေးစရာတွေအများကြီး ခေါင်းထဲမှာရှိနေသော်ငြား Greenirrawaddy ပေါ်ကို တစ်ပါတ် ဘယ်နှစ်ပုဒ်လုံးရောက်မယ်ဆိုတာ အာမမခံနိုင်သေးပါဘူး။ ရေးသားတဲ့နေရာမှာတော့ အရင်ကလောင်နာမည် (ဘိုကလေးသား) အစား (ထက်မြတ်ကို) ဆိုတဲ့ကလောင်ကို အသုံးပြုပါမယ်။ ရေးသားတဲ့စာတိုင်းကို ယုံကြည်စိတ်ချအားကိုးနိုင်ရအောင် အကိုးအကားတွေနဲ့ သတင်းရင်းမြစ်တွေကို ဖော်ပြပေးမှာဖြစ်သလို၊ စကားပြောနဲ့ ဖတ်ရလွယ်အောင် ရေးမှာပါ။ သူငယ်ချင်း မိုးတိမ် ကို ပြန်အကူအညီတောင်းဘို့ စိတ်ကူးထားပါတယ်။ အခြားသူငယ်ချင်းများကိုလည်း ဖိတ်ခေါ်ပါတယ်။


ရည်ရွယ်ချက်

ရည်ရွယ်ချက်ကတော့ အရင်အတိုင်းမပြောင်းမလဲပါပဲ။ ထူးခြားလာတာက ပိုလေးနက်လာတာပဲ ရှိပါတယ်။ ဒီအချိန်မှာ ဒီမိုကရေစီဆိုတာ ရှိလာပြီ၊ လွတ်တော်ဆိုတာရှိလာပြီ၊ စတုထ္တမဏ္ဍိုင်ဆိုတဲ့ မီဒီယာကို သမ္မတကြီးက အသိအမှတ်ပြု လက်ခံနေပြီ။ သဘာဝပတ်ဝန်းကျင် ပြဿနာတွေကလည်း မြန်မာနိုင်ငံမှာရော၊ ကမ္ဘာမှာပါ မကြားချင်အဆုံး ကြားနေရပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိမှတ်စရာတွေ၊ လေ့လာစရာတွေ၊ သတင်းတွေကို ပြည်သူလူထု (အဓိက လူငယ်တွေ) ကို သိစေချင်တာ အဓိက ရည်ရွယ်ချက်ပါပဲ။
စတုထ္တမဏ္ဍိုင်ဆိုတဲ့ မီဒီယာ ဒါမှမဟုတ် အစိုးရနဲ့ ပြည်သူလူထုကြားက တံတား တစ်ခုဖြစ်တဲ့ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်တွေ(Printed Media)လို ရေဒီယို၊ ရုပ်မြင်သံကြား (Broadcasting Media) လို အွန်လိုင်းမီဒီယာတစ်ခုဆိုတာ လက်ခံလာကြပါပြီ။ ကျွန်တော့်ကို Street Journalist (or) Citizen Journalist တစ်ယောက်အနေနဲ့ သမ္မတကြီးပြောတဲ့ ပဉ္စမမဏ္ဍိုင်ဆိုတဲ့ (Civil Sorority) အားကောင်းတဲ့ လူအဖွဲ့အစည်းထဲက တစ်ယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအကျိုးကို အုပ်တစ်ချပ်၊ သဲတစ်ပွင့် အဖြစ် တာဝန်ယူချင်သူတစ်ယောက်မျှသာ ဖြစ်ပါကြောင်း။

ထက်မြတ်ကို






Thursday, July 15, 2010

ကမ္ဘာမြေရဲ့ အဆုတ် (သို့) စိမ်းလန်းသော သစ်တောများ

(၁၂) နာရီလောက်ရှိပြီထင်တယ်။ အိပ်လို့လည်းမရတာနဲ့ ဆရာတစ်ယောက်ဆီက ငှားလာတဲ့ စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်တယ်။ စာအုပ်နာမည်က တောများ၊ တောင်များ၊ သစ်တောများ၊ ဆင်ခြေလျှောများ၊ ဆရာနေဝင်းမြင့်ရေးတာဖြစ်ပြီး၊ ခရီးသွား သဘာဝပတ်ဝန်းကျင်ဆောင်းပါးတွေစုတည်းထားတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်။ အပြင်မှာက မိုးနည်းနည်းအေးတယ်။ ရာသီဥတုကလည်း ခပ်အေးအေးဆိုတော့ စာဖတ်လို့ တော်တော်ကောင်းတာတော့အမှန်ပဲ။ ဒီလိုနဲ့ဖတ်လိုက်တာ ည ၂ နာရီခွဲလောက်ဖြစ်သွားတယ်။ လူကလည်း မျက်လုံးနည်းနည်း စင်းလာပြီ။ ဒါနဲ့ စာအုပ်ကို ခေါင်းရင်းမှာတင်ထားလိုက်ပြီး စာကြည့်မီးလည်းပိတ်လိုက်တယ်။ တကယ်အိပ်မယ်လည်းဆိုရော အိပ်လို့ကမရပြန်ဘူး။ ဟိုတွေးဒီတွေးရင်းနဲ့ပဲ ခုဏကဖတ်တဲ့စာအုပ်အကြောင်း ခေါင်းထဲပြန်ရောက်လာတယ်။ ဆရာနေဝင်းမြင့်အဓိကပြောချင်တာက သစ်တောတွေအကြောင်းဖြစ်တယ်။ သစ်တောတွေရဲ့အသုံးဝင်ပုံတွေ၊ အကျိုးကျေးဇူးတွေ နဲ့ အခြားနိုင်ငံတွေမှာ သစ်တောတွေ ဘယ်လိုပြုန်းတီးနေကြောင်း၊ အဲသလိုဖြုန်းတီးခဲ့တာတွေအတွက်လည်း အခုအချိန်မှာ ရာသီဥတုဆိုးဝါးမှု၊ မိုးခေါင်ရေရှားမှု၊ မြေဆီလွှာ ပျက်ဆီးမှု၊ အပြင် အခြားဆိုးဝါးတဲ့ အခြေအနေ တွေနဲ့ရင်ဆိုင်နေရကြောင်း၊ ဒါတွေကို သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေနဲ့ အဖွဲ့အစည်းတွေက ပြန်လည်ထိန်းသိမ်း နေတဲ့အကြောင်း ကိုရေးထားတာဖြစ်ပါတယ်။

မှန်ပါတယ်။ သစ်တွေတွေက ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ အဆုတ် တွေဖြစ်ပါတယ်။ photosynthesis လို့ခေါ်တဲ့ သစ်ရွက်တွေအစာ ချက်လုပ်မှုမှာ နေရောင်ခြည်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့၊ ရေ လိုအပ်တယ်။ ဒါတွေနဲ့အစာချက်လုပ်ပြီးတဲ့အခါမှာ သစ်ရွက်တွေက အောက်ဆီဂျင်နဲ့ ရေခိုးရေငွေ့တွေကို ပြန်လွှတ်တယ်။ ကျွန်တော်တို့ ရှုသွင်းတဲ့ လေကောင်းလေသန့် အောက်ဆီဂျင်ကို ရနိုင်ဖို့ သစ်တောတွေက အဓိကတာဝန်ယူပေးနေတယ်။ သစ်တောတွေပြုန်းတီးလို့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေလေထဲမှာ များလာပြီဆိုရင် ကမ္ဘာကြီးပိုမိုပူနွေးလာမယ်။

ကမ္ဘာ့ရေသံသယာလည်ပတ်ဖို့ အတွက်ကိုလည်း သစ်တောတွေက တစ်စိတ်တစ်ပိုင်းအားဖြင့်အရေးကြီးပြန်တယ်။ ဒါအပြင် အမြဲစိမ်သစ်တွေတွေက ဇီဝမျိုးစိတ်တွေ အပေါ်များ၊ အကြွယ်ဝဆုံး နေရာတွေဖြစ်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အပင်၊ သတ္တဝါ၊ အင်းဆက် နဲ့အခြား နာမည်သိပြီးသား မျိုးစိတ်တွေရဲ့ တဝက်လောက်က အမြဲစိမ်းသစ်တောတွေမှာတွေ့ရတာဖြစ်တယ်။ လူတွေရဲ့နေစဉ် စား၊ ဝတ်၊ နေရေး လိုအပ်ချက်တွေ၊ ဆေးဝါးလိုအပ်ချက်တွေကိုလည်း ဒီသစ်တောတွေနဲ့၊ သစ်တွေတွေမှာရှိတဲ့ ဇီဝမျိုးစိတ်မျိုးကွဲတွေက ဖြည့်ဆည်း ပေးနေတယ်။ နောက်ပြီး သစ်တွေတွေက မြေဆီလွှာတွေကို ထိန်းသိမ်းပေးတယ်။ ဘယ်လိုနည်းနဲ့ထိန်းသိမ်းပေးလည်းဆိုရင် သစ်ရွက်တွေက သည်းထန်တဲ့ မိုးပေါက်မိုးစက်တွေကို မြေပြင်နဲ့တိုက်ရိုက်မထိအောင် ကာကွယ်ပေးတယ်။ ဒီလိုတိုက်ရိုက်မထိတဲ့အတွက် မြေပြင်မှာရှိတဲ့ အဖိုးတန် အပေါ်ယံမြေဆီလွှာတွေ ဆီကို မိုးရေတွေရောက်ချိန်မှာ အရှိန်ကတော်တော်ကိုနည်းသွားပြီ၊ ဒါကြောင့် မြေဆီလွာတွေမပြုန်းတီးတော့ဘူး။ သစ်မြစ်တွေကလည်း မြေကြီးမှာ မြေကတုတ် လို ကုပ်ယူထားတော့ တော်ယုံတန်ယုံရေစီးလောက်နဲ့ မြေဆီလွှာတွေကို ပါမသွားစေနိုင်ဘူး။ သစ်တောတွေက မြေကတုတ်တင်မဟုတ်ဘူး လေကတုတ်တာဝန်ကိုလည်းယူထားတယ်။ လေပြင်းလောက်ကတော့ သစ်တောအကာအကွယ်ရှိနေရင် လေပြေလေညင်းအသွင်ကိုပြောင်းလဲပစ်နိုင်တယ်။

မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေရဲ့ ရေဝေရေလွှဲ စနစ်မှာလည်း သစ်တော့တွေက မရှိမဖြစ်အရေးကြီးတဲ့နေရာမှာရှိတယ်။ မိုးတွင်းမှာရွာခဲ့တဲ့ မိုးရေတွေကို သစ်တွေတွေရဲ့ အမြစ်တွေ သိုလှောင် ပေးတယ်။ နွေ နဲ့၊ ဆောင်းတွင်းလို ခြောက်သွေ့တဲ့ရာသီကိုရောက်တဲ့အခါမှာတော့ မြစ်ချေင်းအင်းအိုင်တွေထဲကို သိုလှောင်ထားတဲ့ရေတွက တဖြည်းဖြည်းချင်း စိမ့်ဝင်တယ်။ ဒါကြောင့် နွေ၊ နဲ့ ဆောင်းရာသီမှာ မြစ်ချောင်းအင်းအိုင်တွေမခြောက်ခမ်းတာဖြစ်တယ်။ သစ်တောမရှိရင် ရေမရှိနိုင်ဘူး။ ကမ္ဘာ့လူဦးရေရဲ့ ၇၄%ဟာ မြေအောက်ရေ ကိုအားကိုးအားထားပြုနေရတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့စစ်တမ်းတစ်ဆောင်ကပြောတယ်။ အထက်ကပြောခဲ့သလို သစ်တောတွေက ရေသံသရာအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်သလို့ မြေအောက်ရေ ဖြစ်တည်ဖို့ အတွက်လည်း အလွန်အရေးကြီးတယ်။ သစ်တောတွေရှိမှသာ မြေအောက်ရေရှိနိုင်မယ်။

ဒီလိုအသုံးဝင်တဲ့သစ်တောတွေကအခုဆိုရင် ကမ္ဘာနဲ့အဝှမ်းမှာ နေစဉ်နဲ့အမျှ ပရောဂအမျိုးမျိုကြောင့် ပြုန်းတီးပျက်ဆီးနေရတယ်။ တောင်အမေရိကတိုက်မှာရှိတဲ့ အမေဇုန် သစ်တောမှာတင် တစ်နာရီကို ၅၄ ဟက်တာ နှုန်းနဲ့ပျက်စီးနေတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂက ဆိုတယ်။ ဒါအမေဇုန်သစ်တော်ပဲရှိသေးတယ်။ အခြားကမ္ဘာနေရာအနှံ့အပြားမှာရှိတဲ့ သစ်တောတွေဟာလည်း သစ်အလွန်အကျွံခုတ်မှု၊ တိုးချဲ့စိုက်ပျိုးမြေများကြောင့် ခုတ်ထွင်ရှင်းလင်းမှု၊ လမ်း၊ သံတား ဆောက်လုပ်မှုများ၊ ရေကာတာ တည်ဆောက်မှု၊ တောမီးလောင်မှု၊ စတဲ့ ပယောဂအမျိုးမျိုးကြောင့် ပျက်စီးနေရတယ်။ ဆိုးဝါးသောရာသီဥတုအမျိုးမျိုးနဲ့ လက်တွေ့ကြုံတွေ့နေကြရတယ်။ ခုတ်ထွင်ရှင်းလင်းခံရလို့ သုဿန် တစပြင်လို့ ကျေးငှက်အော်သံ၊ မျောက်အော်သံ၊ တိရိစ္ဆာန်တွေ မြူးတူးတဲ့ အသံတွေမကြားရတဲ့ မြေကွက်လပ်တွေကို စိမ်းလန်းတဲ့ သစ်တောတွေကို အာသာပြင်းပြင်းနဲ့ ရေငတ်သူရေတောင်းသလိုတောင်းဆိုနေကြပြီ။ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ အဆုတ်ကို အချိန်မှီ ကုစားဘို့ ဆေးကောင်းကောင်းနဲ့၊ ဆရာဝန်ကောင်းကောင်းလိုအပ်နေပြီ။ သစ်တောပြုန်းတီးမှု Deforestation နေရာမှာ၊ ပြန်လည်စိုက်ပျိုးမှု Reforestation ဆိုတာ အစားထိုးဖို့ အခုပဲစမှရတော့မယ်။ အချိန်ဆွဲတာနဲ့အမျှ ငါတို့မ္ဘာကြီးရဲ့အနာဂါတ်က မတွေးဝံ့စရာပဲ။

ဘိုကလေးသား

Tuesday, February 16, 2010

National Geographic ၏ Fabruary လ အကောင်းဆုံးဓါတ်ပုံ



Goat, North India
Photograph by Svetlana Eremina
National Geographic ၏ Fabruary လ အကောင်းဆုံးဓါတ်ပုံ

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ဆောင်းဦးရာသီ အအေးဓါဏ်ကြောင့် လူများမ၀တ်ဆင်တော့သည့် အ၀တ်ဟောင်း ကို ဆိတ်အား ၀တ်ဆင်ပေးထားပုံ

Wednesday, January 6, 2010

နှစ်ပေါင်း၅၀အတွင်း အဆုံးဝါးဆုံးရာသီဥတု အအေးဒါဏ်ကို တရုတ်နိုင်ငံရင်ဆိုင်နေရ

နှစ်ပေါင်း၅၀အတွင်း အဆုံးဝါးဆုံးရာသီဥတု အအေးဒါဏ်ကို တရုတ်နိုင်ငံရင်ဆိုင်နေရ


တရုတ်နိုင်ငံ မြောက်ပိုင်းတွင် ယခု ရက်ပိုင်းအ တွင်း၌ ရာစုနှစ်နှစ်ဝက်အတွင်း အဆုံးဝါးဆုံး နှင်းကျဆင်းမှုကြောင့် အအေးဆုံးဆောင်း ရာသီကို ကြုံတွေ့ ခံစားနေရကြောင်းသိရ သည်။ ယင်းကဲ့သို့ အလွန်အမင်း နှင်းကျဆင်း မှုကြောင့် လမ်းများ၊ လေဆိပ်များတွင် ခရီးသည် ထောင်ပေါင်းများစွာ ခရိးမဆက်နိုင်ပဲ သောင်တင်ကုန်ကြပြီး ကသောင်းကနင်းဖြစ်ကုန်ကြသည်။ စီးပွားရေ ဗဟိုချက်မဖြစ်သော ပေကျင်းလေဆိပ်တွင် လေယာဉ်ခရီးစဉ်ပေါင်း ၉၀ ရာခိုင်နှုန်းကျော်ကို ပယ်ဖျက်ပြစ်ခဲ့ရသည်။ ပေကျင်းနှင့် ဆက်သွယ်ထားသော အဝေးပြေးလမ်းမှာလည်း နှင်းများထူထပ်စွာ ကျဆင်းနေသောကြောင့် ပိတ်ထားရခြင်း သို့မဟုတ် ကန့်သတ်ထားခြင်းများ လုပ်ဆောင်ထားရကြောင်း တရုတ်သတင်းမီဒီယာများတွင် ဖော်ပြထား သည်။ အထူးသဖြင့် ဆက်သွယ်ရေးစနစ်နှင့် လျှပ်စစ်ဓါတ်အားလိုင်း ထောက်ပံ့နေမှုများ အခက်အခဲကြုံတွေ့ ခဲ့ရသည်။ နိုင်ငံအရှေ့ပိုင်းနှင့် အလယ်ပိုင်းတွင် လောင်စာထောက်ပံ့ပို့ဆောင်မှု အခက်အခဲများကြောင့် ကျောက်မီးသွေးစွမ်းအင်သုံး စက်ရုံများတွင် လောင်စာလိုအပ်ချက် လျော့ကျခဲ့သည်။ တရုတ်နိုင်ငံသည် နိုင်ငံစွမ်းအင် လိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းကျော်ကို ကျောက်မီးသွေးစွမ်းအင်မှ ရရှိနေခြင်းဖြစ်သည်။

မြို့တော် ပေကျင်းတွင် အပူချိန်မှာ သုည ဒီဂရီအောက် ၁၆ ဒီဂရီ (၃.၂ ဒီဂရီဖာရင်ဟိုက်) ထိကျဆင်းခဲ့ရာ ထောင်ပေါင်းများစွာသော မူလတန်းကျောင်းများ၊ အထကတန်းကျောင်းများကို ပိတ်ထားရသည်။ တရုတ်အာဏာပိုင်များက ပေကျင်းနှင့် တီယံကျင်း မြို့များမှ မူလတန်းကျောင်းပေါင်း ၃၅၀၀ ကျော်ကို ပိတ်လိုက်ကြောင်းကြေငြာလိုက်သဖြင့် ကျောင်းသား/သူ ၂.၂ သန်းအား ရိုက်ခက်စေခဲ့သည်။


တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်က လူအများအတွက် အစားအစာ၊ လယ်ယာစိုက်ပျိုးရေးကုန်များနှင့် ဆက်သွယ်ရေးစနစ်များ အဆင်ပြေစေရန်အတွက် လုပ်ဆောင်ပေးရန် ဒေသအာဏာပိုင်အသီးသီးကို တောင်းဆိုထားသည်။

တရုတ်နိုင်ငံ မိုးလေ၀သဌာန၏ ကြေငြာချက်အရ နှစ်သစ်အစောပိုင်းရက်များတွင် ရာသီဥတု ပြင်းထန်မှုမှာ အ၀ါရောင်သတိပေးချက် (ဒုတိယ အပြင်းဆုံးအဆင့်) ထိရှိနေအုံးမည်ဟု ဖော်ပြသည်။ နှင်းကျမှုမှာ ချုံကင်း ခရိုင်၊ ဂရိတ်ဝေါ တံတိုင်းကြီးအနီးတွင် ၂၀ စင်တီမီတာ အထိစံချိန်တင်ကျဆင်းခဲ့သည်။ တရုတ်နိုင်ငံ အလယ် ပိုင်း၊ အနောက်တိုင်း၊ မွန်ဂိုလီးယား အတွင်းပိုင်း၊ အရှေ့ပိုင်းဒေသအချို့နှင့် မြောက်ပိုင်း ကွမ်ကျိုးနှင့် ချုံကင်းတို့တွင် အပူချိန် သုညအောက် ၈ မှ ၁၂ လောက်အထိ ကျဆင်းနိုင်သည်ဟု မိုးလေ၀သ ဌာနက ဆက်လက်ဖော်ပြသည်။ သို့သော် အာဏာပိုင်များက အအေးဒါဏ်ကြောင့် လူဘယ်နှစ်ဦး သေဆုံးသည်ကိုမှု မကြေငြာသေးပေ။

ယခုအခါ ပေကျင်းအစိုးရသည် လူပေါင်း သုံးသောင်းကျော်ကို စုစည်း၍ နှင်းများရှင်းလင်းရန် လုပ်ဆောင် လျှက်ရှိသည်။

Ref; China Daily, Bloom berg
Heavy snow causes chaos in China

မိုးတိမ်

Share

Twitter Delicious Facebook Digg Stumbleupon Favorites More